K series စမတ်ဖုန်း ၂ လုံးကို MWC 2018 မှာချပြသွားမှာဖြစ်တဲ့ LG

LG ဟာ K series ထဲက Mid-range စမတ်ဖုန်းအမျိုးအစားဖြစ်တဲ့ 2018 version K8 နဲ့ K10 တို့ကိုတော့ ဖေဖော်ဝါရီ ၂၆ ရက်နေ့ မှာကျင်းပမယ့် MWC 2018 မှာချပြသွားတော့မှာဖြစ်ပါတယ်။ ချပြပြီးတာနဲ့ Europe, Asia, Latin America နဲ့ Middle East အစရှိတဲ့နေရာဒေသများ ဖြန့်ချီသွားမှာဖြစ်တယ်လို့ LG ရဲ့တရားဝင် ဝက်ဆိုဒ်မှာဖော်ပြထားတာလည်းဖြစ်ပါတယ်။

K series အသစ်ဖုန်းတွေမှာ Auto focus ကိုအရှိုန်မြှင့်တင်မှု၊ ဓာတ်ပုံထဲမှာပါဝင်တဲ့ Noise တွေကိုလျော့ချထားမှု အစရှိတဲ့ ကင်မရာပိုင်းဆိုင်ရာတိုးမြှင့်မှုတွေကို ပြုလုပ်ထားတယ်လို့ LG ကဆိုထားပါတယ်။ Noise ဆိုတာကတော့ ဓာတ်လှလှတွေကိုအနှောက်အယှက်ပေးနေတဲ့ မှုန်ဝါးဝါးအစက်ကလေးတွေပါ။ ဒါ့အပြင် K series ၂ ခုလုံးဟာ LG ရဲ့ အမိုက်စားထုတ်ကုန်ဖြစ်တာကြောင့် အသုံးပြုသူတွေလက်ထဲကို အမိုက်စားစျေးနှုန်းနဲ့ အပ်နှံမှာဖြစ်တယ်လို့ပြောကြားထားပါသေးတယ်။ ဝယ်ဖို့အစီအစဉ်ရှိတယ်ဆိုရင်ပိုက်ပိုက်သာစု ထားပေတော့ ?

2018 version K8 နဲ့ K10 တို့ရဲ့ Specification အပိုင်းကိုဖော်ပြပါရစေ။

K10 Specs

LG အနေနဲ့ K10, K10+ နဲ့ K10α ဆိုပြီး version ၃ မျိုးနဲ့ထုတ်လုပ်မှာဖြစ်ပါတယ်။ Version ၃ မျိုးရဲ့ကွာဟချက်တွေနဲ့ ဉီးစွားစတင်ပါရစေ။

Memory ပိုင်း
  • K10+  : 3GB RAM / 32GB ROM (Storage) / microSD (up to 2TB)
  • K10 :  2GB RAM / 16GB ROM (Storage) / microSD (up to 2TB)
  • K10α : 2GB RAM / 16GB ROM (Storage) / microSD (up to 2TB)
ကင်မရာပိုင်း
  • K10: Rear 13MP / Front 8MP or 5MP (Wide)
  • K10: Rear 13MP / Front 8MP or 5MP (Wide)
  • K10α : Rear 8MP / Front 5MP
ရရှိနိုင်တဲ့အရောင်အမျိုးအစား
  • K10: Moroccan Blue / Terra Gold
  • K10 : Aurora Black / Moroccan Blue / Terra Gold
  • K10α  : Aurora Black / Terra Gold

ဖုန်းအရွယ်အစား ၅.၃ လက်မရှိမှု၊ ဘက်ထရီသိုလှောင်အား 3,000mAh ပါဝင်မှု၊ OS ပိုင်း Android 7.1.2 (Nougat) ဖြစ်နေမှု၊ LTE, 2G, 3G အစရှိတဲ့ Network သာအသုံးပြုနိုင်မှု၊ CPU 1.5 GHz Octa-Core ပါဝင်မှု နဲ့ လက်ဗွေစနစ်ပါဝင်မှု တို့ဟာ K10 version ၃ မျိုးလုံးမှာ အကုန်အတူတူပဲဖြစ်ပါတယ်။

K8 Specs

K8 ဟာအရွယ်အစား ၅ လက်မရှိနေပြီး RAM 2GB, 16GB storage နဲ့ microSD (up to 32GB) တို့ပါဝင်ပါတယ်။ ကင်မရာပိုင်းမှာ ရှေ့ပေါက်ဟာ 5 MP နဲ့ အနောက်ပေါက် 8 MP အထိရှိပါတယ်။ OS ပိုင်းက K10 လိုပဲ Android 7.1.2 (Nougat) နဲ့ရောက်ရှိလာမှာဖြစ်သလို Network ပိုင်းကလည်း LTE, 2G, 3G အစရှိတဲ့ ၃ မျိုးနဲ့သာသုံးစွဲနိုင်မှာဖြစ်ပါတယ်။ ဘက်ထရီသိုလှောင်နိုင်မှုအားက 2,500 mAh ပါဝင်မှာဖြစ်ပြီး Aurora Black, Moroccan Blue နဲ့ Terra Gold အစရှိတဲ့အရောင် ၃ ရောင်ကိုမြင်တွေ့ရမှာပါ။

ဖုန်း ၂ မျိုးလုံးရဲ့ Spec ကိုမြင်တွေ့ပြီးသွားပြီဆိုတော့ LG ကို ကြိုက်နှစ်သက်သူတွေအနေနဲ့ K series ကိုတွေ့မြင်နိုင်မယ့် MWC 2018 ကိုသာစောင့်ကြည့်နေရတော့မှာဖြစ်ပါတယ်။

 

Source (LG)

,

Leave a Reply

Your email address will not be published. Required fields are marked *