Android 9 Pie update ရရှိနေပြီဖြစ်တဲ့ LG ရဲ့ပထမဉီးဆုံး စမတ်ဖုန်း 

Android 9 Pie ကတော့ google ကဖန်တီးထားတဲ့နောက်ဆုံးပေါ်  OS (Operating System) Software update တစ်ခုဖြစ်ပြီး ပြီးခဲ့တဲ့ သြဂုတ်လအစောပိုင်းလောက်ကမှ ထွက်ရှိလာတာဖြစ်ပါတယ်။ Software update အသစ်မှာဆိုရင် ဘက်ထရီအသုံးပြုမှုကို ထိန်းချုပ်ကန့်သတ်ပေးမယ့် Adaptive Battery, ဖုန်းရဲ့ အလင်း/အမှောင် ကိုအလိုအလျှောက် adjust လုပ်ပေးမယ့် Adaptive Brightness, Device ကို navigate လုပ်ပေးမယ့် gesture navigation, ဘယ် app မှာဘယ်လောက်အထိအချိန်ကုန်နေပြီလဲဆိုတာကို ခြေရာခံပြီး usage ကိုပြန်လည်ဖော်ပြပေးမယ့် Digital Wellbeing app အစရှိတာတွေအပြင် တခြားသော Feature အသစ်တွေပါဝင်လာတာပဲဖြစ်ပါတယ်။

အဲ့လိုကောင်းမွန်တဲ့ Feature တွေပါဝင်တဲ့ Android 9 Pie Software update ကိုတော့ Google ရဲ့ Pixel ဖုန်းတွေ, Essential, HTC, OnePlus, Nokia, Sony, Xiaomi, ZTE တို့ရဲ့ စမတ်ဖုန်းအချို့မှာစတင်အသုံးပြုလို့ရနေသလို Honor/ Huawei, Samsung တို့ရဲ့ စမတ်ဖုန်းတော်တော်များများမှာလည်း Beta version အနေနဲ့ စတင်အသုံးပြုနိုင်နေပြီဖြစ်ပါတယ်။ တခြားစမတ်ဖုန်းကုမ္ပဏီတွေက Android 9 Pie ကို Beta program (သို့) Official ပုံစံမျိုးနဲ့အသုံးပြုနိုင်အောင် ကြိုးစားနေချိန်မှာ LG မှာ Android 9 Pie ထက်တစ်ဆင့်နိမ့်တဲ့ Android one program မှာကျေနပ်နေခဲ့ပြီး Beta ရော၊ official အနေနဲ့ပါ Software update ကို release မလုပ်ပေးခဲ့ပဲ တုံ့ဆိုင်းနေခဲ့ပေမယ့် ပြီးခဲ့တဲ့အချိန်အနည်းအငယ်မှာတော့ Android 9 Pie update ကိုသူ့ရဲ့ စမတ်ဖုန်းမော်ဒယ်တစ်ခုမှာ ပထမဉီးဆုံးအနေနဲ့ ထည့်သွင်းပေးလိုက်ပြီလို့သိရပါတယ်။

Android 9 Pie update ရရှိတဲ့ ပထမဉီးဆုံး LG စမတ်ဖုန်းကတော့ ပြီးခဲ့တဲ့အောက်တိုဘာလမှာထွက်ရှိခဲ့တဲ့ ၆.၁ လက်မ အရွယ်အစားရှိတဲ့ LG G7 one ပဲဖြစ်ပါတယ်။ XDA developer ရဲ့ဖော်ပြချက်အရ ကနေဒါ region မှာ LG G7 one ဆီကို Android 9 Pie beta program update ဟာ နိုဝင်ဘာ Security patch နဲ့အတူရောက်ရှိနေပြီလို့သိရပါတယ်။ Software update ကတော့ ဖိုင်အရွယ်အစား 812MB ရှိတယ်လို့သိရပါတယ်။ Software update ဟာတောင်ကိုရီးယား region ကိုမကြာခင်ရောက်ရှိလာဉီးမှာဖြစ်ပါတယ်။ အဲ့တော့ G7 one ဟာ LG ရဲ့ Android 9 Pie ဘက်ဉီးတည်မှုမှာပထမဉီးဆုံးခြေလှမ်းတစ်ခုလို့ဆိုရမှာပါ။ နောက်ထပ် LG ရဲ့ဘယ်မော်ဒယ်တွေမှာ Android 9 Pie update ရောက်ရှိလာဉီးမလဲ ဆိုတာကိုတော့ LG fan တွေစိတ်ဝင်တစားစောင့်ကြည့်ရဉီးမှာပဲဖြစ်ပါတယ်။

Source, Via

, ,

Leave a Reply

Your email address will not be published. Required fields are marked *