ကိုရီးယား၊ တရုတ် နဲ့ ဂျပန် ဘာသာစကားတွေကို အခမဲ့လေ့လာနိုင်မယ့် app LingoDeer – Learn Languages

နည်းပညာတွေတိုးတတ်လာတာနဲ့အမျှ ကမ္ဘာကြီးဟာလည်း သေးငယ်တဲ့ နယ်ပယ်လေးတစ်ခုလိုဖြစ်နေပါပြီ။ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ဆက်သွယ်ရတာ အဆင်ပြေလာတဲ့အတွက် ဘာသာစကားတတ်ကျွမ်းမှုဟာ အရေးပါတဲ့ ကဏ္ဍတစ်ခု အဖြစ်ရပ်တည်နေတာ အံ့သြဖွယ်မရှိပါဘူး။

အဲ့တာကြောင့် အခုနောက်ပိုင်း ဘာသာစကားသင်တန်းတွေ တော်တော်များများ ပေါ်ထွက်လာတာကိုလည်း တွေ့ရပါတယ်။ တကယ့်ကို ကောင်းတဲ့သင်တန်းတွေရှိသလို ဘာသင်လို့သင်မှန်းမသိတောင်မသိလိုက်တဲ့ သင်တန်းတွေလည်း တစ်ပုံကြီးပါပဲ။

LingoDeer က အချိန်ကုန်လူပင်ပန်း သက်သာစေပြီး အိမ်မှာနေရင်း ဘာသာစကားတွေ အခမဲ့ လေ့လာနိုင်မယ့် app ဖြစ်ပါတယ်။ App ထဲမှာလေ့လာနိုင်မယ့် ဘာသာစကားတွေက အာရှဘာသာစကားတွေဖြစ်ကြတဲ့ ဂျပန်၊ တရုတ်နဲ့၊ ကိုရီးယား တို့ပဲဖြစ်ပါတယ်။ မင်မင်တို့ ငယ်ငယ်တည်းက အရမ်းကို သင်ချင်ခဲ့တဲ့ ဘာသာစကားတွေကို ဖုန်းလေးနဲ့ပဲအိမ်မှာ အေးအေးဆေးဆေး လေ့လာနိုင်ပြီဆိုတော့ လုံးဝကို မိုက်တဲ့ အခွင့်အရေးကောင်းတစ်ခုပါ။

App ထဲမှာ (Reading, listening, speaking နဲ့ writing skills) 4 skills ကို တစ်နေ့ကို ဆယ်မိနစ် လေ့လာနိုင်မှာဖြစ်ပြီး ထိရောက်တဲ့ သင်ခန်းစာတွေနဲ့ သင်ကြားပေးမှာပါ။ Foundation ကနေ စတင်လေ့လာနိုင်မှာဖြစ်တဲ့အပြင် ကိုယ်မပိုင်တဲ့ အပိုင်းတွေကိုလည်း ထပ်ခါထပ်ခါ လေ့ကျင့်သင်ကြားနိုင်ပါတယ်။ Offline mode နဲ့လည်း သင်ကြားလို့ရတာကြောင့် အင်တာနက်လိုင်းမရှိတဲ့ နေရာတွေအတွက်လည်း တကယ့်ကို အသုံးဝင်မယ့် application လေးပါ။ Course တစ်ခုချင်းစီမှာ အသုံးများတဲ့ ဘာသာစကားတွေရဲ့ စကားလုံး၊ စကားစု ၂၀၀၀ ကျော် ထည့်သွင်းပေးထားတာကြောင့် လွယ်ကူအဆင်ပြေစွာ သင်ကြားနိုင်ပါတယ်။ Native Speakers တွေရဲ့ ပြောစကားတွေကို record လုပ်ယူထားလို့ရတဲ့အတွက် ကိုယ်နားထောင်ချင်တဲ့ အချိန်တိုင်း ထုတ်ပြီး နားထောင်လေ့ကျင့်နိုင်ပါတယ်။ ဒါ့အပြင် တိကျတဲ့ grammar မှတ်စုတွေနဲ့ ဘာသာစကားတွေရဲ့ သဘောသဘာဝကို သဒ္ဒါမှန်မှန်နဲ့ လေ့ကျင့်သင်ကြားပေးမှာဖြစ်ပါတယ်။

ဂျပန်ဘာသာစကား -Kana , Kanji နှင့် Romaji , ကိုရီးယားဘာသာစကား – Hangul, တရုတ်ဘာသာစကား- Traditional Chinese, Simplified Chinsese နှင့် Pinyin တို့ကိုလေ့လာ သင်ယူနိုင်မှာဖြစ်ပါတယ်။ အရမ်းကို အဖိုးတန်တဲ့ application လေးဖြစ်တာကြောင့် မင်မင်နဲ့ အတူ အသုံးပြုလို့ရအောင် မိတ်ဆက်ပေးလိုက်ပါတယ်နော်။

App Store မှာ LingoDeer – Learn Languages နာမည်နဲ့ download လုပ်ယူနိုင်ပါတယ်။ PlayStore မှာဆိုရင်တော့ Learn Japanese, Korean, Chinese or Vietnamese Free နာမည်နဲ့ download လုပ်ရမှာပါ။ Android မှာ ဗီယက်နမ်ဘာသာစကားကိုပါ လေ့လာနိုင်ပါတယ်။

Download link – Android/ IOS

Source

, ,

Leave a Reply

Your email address will not be published. Required fields are marked *