ကမ္ဘာကြီးတစ်ခုလုံးကို သင့်ဖုန်းထဲကို ရောက်လာစေမယ့် Living Earth – Clock and Weather

“ကမ္ဘာကြီးက သေးသေးလေးပါ”ဆိုတဲ့ စကားကို ကြားဖူးကြမှာပါနော်။ အခုတော့ ကမ္ဘာကြီးက သေးရုံတင် မဟုတ်တော့ပါဘူး၊ သင့်ရဲ့ Smart Phone ထဲ ကိုပါရောက်လာတော့ မှာပါ။

Living Earth application ကသင့်ကို ကမ္ဘာကြီး တစ်ခုလုံးရဲ့ အခြေအနေကို ဖော်ပြပေးသွားမှာဖြစ်တယ်။ ကမ္ဘာကြီးရဲ့ နေရာအသီးသီးမှာ တည်ရှိနေတဲ့ နိုင်ငံကြီးတွေ ရဲ့ အချိန်တွေ ၊ရာသီဥတုအခြေအနေတွေနဲ့ မုန်တိုင်း အကြောင်းအရာတွေ စတဲ့ သတင်းတွေအားလုံးကို သင့်ကိုဖော်ပြပေးသွားမှာဖြစ်တယ်။

ကိုယ်သိချင်တဲ့ နိုင်ငံရဲ့နာမည်ကို ရှာလိုက်တာနဲ့ 3D ရုပ်ထွက်ဒီဇိုင်နဲ့ အားလုံးကို ဖော်ပြပေးသွားမှာပါ။ ကမ္ဘာကြီးကို စကြာဝဋ္ဌာကြီးထဲမှာ လွင့်မြောနေတဲ့ ပုံစံအတိုင်း ဖန်တီးပေးထားမှာဖြစ်လို့ ကမ္ဘာအပြင်ဘက်ခြမ်းကနေ လှမ်းကြည့်နေရတဲ့ ခံစားချက်မျိုးခံစားရမှာဖြစ်တယ်။ လွင့်မြောနေတဲ့ တိမ်ပုံစံတွေ ၊ ကြယ်အစုအဝေးတွေ ကို ပါ မြင်တွေ့ရမှာဖြစ်ပြီး အပူပိုင်းမုန်တိုင်းတွေ ၊ ဆိုင်ကလုန်းမုန်တိုင်းတွေ အကြောင်းပါ ဖော်ပြပေးသွားမှာပါ။

တစ်နိုင်ငံနဲ့တစ်နိုင်ငံ မတူညီတဲ့ အချိန်ကွာခြားချက်တွေကို တိကျစွာဖော်ပြပေးသွားမှာဖြစ်တယ်။ သင့် ပတ်ဝန်းကျင်ရဲ့ အပူချိန်ကိုပါ ဖော်ပြပေးနိုင်မှာဖြစ်ပြီး ရာသီဥတုအခြေအနေတစ်ခုခု ထူးခြားရင် notification နဲ့ အလိုလို ဖော်ပြပေးသွားမှာပါ။ ကမ္ဘာကြီးရဲ့အကြောင်းကို အိမ်မှာနေရင်း အလွယ်တကူသိရှိနိုင်မယ့် application ဖြစ်တဲ့အတွက် ထူးခြားမှုတွေနဲ့ သက်ဝင်လှုပ်ရှားနေတဲ့ ကမ္ဘာကြီးကို ဖုန်း ထဲ ထည့်ထားလိုက် ကြရအောင်နော်။

iOS devices များအတွက်သာ အသုံးပြုနိုင်မယ့် application ဖြစ်ပြီး $2.99 နဲ့download ရမှာဖြစ်တယ်။ Rating ပိုင်းမှာလည်း 4.7 အထိတောင်ရှိနေပြီး iOS version 9.3 နှင့်အထက်ရှိရင် အသုံးပြုနိုင်ပါပြီ။ Apple watch နဲ့လည်း တွဲပြီးအသုံးပြုနိုင်ပါတယ်။

 

 

 

Image Source – Living Earth – Clock and Weather

,

Leave a Reply

Your email address will not be published. Required fields are marked *