ကိုယ်ပိုင်စိတ်ကြိုက်ဒီဇိုင်း logoတွေ ပြုလုပ်နိုင်တဲ့ LogoScopic Studio – Logo Maker

Logo ဆိုတာ အသင်းအဖွဲ့အစည်းတိုင်း တန်ဖိုးထားရတဲ့ ကိုယ်ပိုင်အမှတ်အသား တံဆိပ်တစ်ခုပါ။ အဖွဲ့အစည်းတစ်ခု လုပ်ငန်းတစ်ခု ကို စတင်တည်ထောင်တော့မယ်ဆိုရင် ကိုယ်ပိုင်အမှတ်အသား logo တံဆိပ်တွေ မရှိမဖြစ်ကို လိုအပ်ပါတယ်။ သူငယ်ချင်းက အကူအညီတောင်းလို့ပဲဖြစ်ဖြစ် ကိုယ်ပိုင် logo လုပ်ချင်လို့ပဲဖြစ်ဖြစ် ဘယ်ကစပြီး ရေးဆွဲရမှန်မသိတဲ့ သူတွေအတွက်အကူအညီဖြစ်မယ့် apk ဖြစ်ပါတယ်။

LogoScopic မှာ အမိုက်စား logo ဒီဇိုင်းတွေပါဝင်ပြီးသားဖြစ်လို့ logo ပုံကို တကူးတက စဉ်းစားနေဖို့ မလိုပါဘူး။ ကိုယ်ကြိုက်တဲ့ နာမည်စာသားနဲ့ နောက်ခံအရောင် ကိုပဲ ထည့်သွင်းပေးရမှာပါ။ စာသား ဒီဇိုင်း ထည့်သွင်းဖို့အတွက် fonts စတိုင် ပုံစံ ၁၀၀ ကျော်ရွေးချယ်နိုင်ပါတယ်။ အခုမှစပြီး အသုံးပြုသူတွေအတွက် အသုံးပြုပုံ tutorial ကိုကြည့် နိုင်လို့ အသုံးမပြုတတ်မှာလည်း စိတ်မပူရပါဘူး။ Logo ဒီဇိုင်းတွေအဖြစ် ICONIC, PRO, ART, LIFESTYLE နဲ့ အခြား ဒီဇိုင်းတွေ အများကြီးပါဝင်ပါတယ်။ ဒါပေမယ့် အချို့ဒီဇိုင်းပုံစံတွေကတော့ free အသုံးပြုလို့မရဘဲ lock ကျနေမှာပါ။ Full Version ဝယ်ယူမှ အားလုံးအပြည့်အသုံးပြုလို့ရမှာပါ။ Full version ကို USD 4.99 (မြန်မာငွေခန့်မှန်းခြေ – ၆၇၈၆ကျပ်) ခန့်လောက်နဲ့ ဝယ်ယူနိုင်ပါတယ်။

iOS တစ်မျိုးတည်းအတွက်ပဲ အသုံးပြုနိုင်ပါတယ်။ File အရွယ်အစားက 80.2M B ပါ။ iOS version 9.0 နှင့် အထက်ရှိတဲ့ iPhone , iPad , iPod touch တို့နဲ့ အသုံးပြုနိုင်ပါတယ်။ Rating ပိုင်းမှာတော့ 4.7 ရရှိ ထားပါတယ်။

 

Download link – LogoScopic Studio – Logo Maker

,

Leave a Reply

Your email address will not be published. Required fields are marked *