ရက်၃၀ အတွင်း ခန္ဓာကိုယ်က အဆီတွေဖယ်ရှားပေးမယ့် Lose Weight in 30 days

၂၀၁၇ မှာ Google Play ရဲ့အကောင်းဆုံးဆုရရှိသွားတဲ့ application တွေထဲက တစ်ခုဖြစ်ပါတယ်။ အသုံးပြုရတာလွယ်ကူပြီး ထိရောက်မှုရှိပါတယ်။ Weight ချတဲ့ application တွေအများကြီးထဲကမှ သင့်ကို စိတ်ကျေနပ်မှုပေးနိုင်မယ့် application  တစ်ခုဖြစ်ပါတယ်။

ဒီထဲမှာ စနစ်ကျတဲ့ ကာယလေ့ကျင့်ခန်းတွေသာမက လိုအပ်ရင် အသုံးပြုနိုင်မယ့် diet အစီအစဉ်တွေပါ ပါဝင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်က အဆီပိုတွေကို ရက်၃၀အတွင်း ဖယ်ရှားပေးမယ့် အစီအစဉ်တွေ အများကြီးကိုလည်း ထည့်သွင်းပေးထားပါတယ်။

ကျန်းမာရေးနဲ့ သင့်လျော်တဲ့ အစီအစဉ်တွေပဲဖြစ်တာမို့ အလေးချိန်လျော့ရင်း အန္တရာယ်ဖြစ်မှာ လုံးဝ စိတ်မပူရပါဘူး။ ကာယလေ့ကျင့်ခန်းတွေထဲမှာ လက်မောင်း၊ တင်ပါး၊ ဝမ်းဗိုက်၊ နဲ့ ခြေထောက် အစရှိတဲ့လေ့ကျင့်ခန်း တွေပါဝင်မှာဖြစ်လို့ စိတ်ကြိုက်ရွေးချယ်ပြီး လေ့ကျင့်ကစားနိုင်ပါတယ်။ ဗီဒီယိုလေ့ကျင့်ခန်းတွေ ရဲ့ လမ်းညွှန်ချက်တွေကို ကြည့်ပြီး နေ့စဉ်လေ့ကျင်ခန်းလုပ်နိုင်မှာဖြစ်ပါတယ်။ အခြားကိရိယာ တန်ဆာပလာတွေ အသုံးပြုဖို့မလိုအပ်ဘဲ application တစ်ခုတည်းနဲ့ တင် အချိန်ကုန်ငွေကုန် သက်သာစွာ body weight ထိန်းလို့ရပါပြီ။ Graph နဲ့ ကယ်လိုရီ ကို သေသေချာချာ တွက်ချက်ပေးမှာဖြစ်လို့ weight တတ်လာလား ကျသွားလားဆိုတာလည်း သေသေချာချာ သိနိုင်မှာပါ။ ကိုယ်အလေးချိန်လည်း ကျချင်၊ Gym လည်း မသွားချင်၊ အဆီကျဆေးလည်းမသုံးချင်တဲ့သူတွေအတွက် အသုံဝင်မယ့် application ဖြစ်ပါတယ်။

Android, iOS နှစ်မျိုးစလုံးနဲ့ free အသုံးပြုနိုင်ပါတယ်။ လတ်တလော Google Play မှာ လူကြိုက်အရမ်းများနေတဲ့ application ဖြစ်ပါတယ်။ Android version 4.0 နဲ့ iOS version 7.0 ရှိရင်အသုံးပြုနိုင်ပါပြီ ။

 

Image Source – Lose Weight in 30 Days

, ,

Leave a Reply

Your email address will not be published. Required fields are marked *