Handsome ဖြစ်တဲ့ ဓာတ်ပုံတွေကို ဖန်တီးပေးမယ့် Manly – Selfie Editor for Man

Photo Editors App တွေပဲ ကြည့်ကြည့် Camera App တွေပဲကြည့်ကြည့် ယောင်္ကျားလေးတွေအတွက်ဆိုတာ တော်တော်လေးကိုရှားပါတယ်။ မိန်းကလေးတွေအတွက်ပဲ အပြိုင်အဆိုင် ထုတ်လုပ်နေကြတဲ့ Photo Apps တွေကြားထဲမှာ ယောကျာ်လေးတွေအတွက်လည်း Manly ဖြစ်ဖို့ အခွင့်အရေးရှိနေပါပြီနော် (:b )

Manly app က boy တွေ handsome ဖြစ်နေဖို့အတွက် 8 Packs တို့ (6packs တောင်မဟုတ်ပါဘူး) ၊ ရင်အုပ် ကျယ်ကျယ်တို့၊ ပခုံးကျယ်ကျယ်တို့ ၊ တက်တူးတို့ စတဲ့ handsome ဖြစ်စေမယ့် features တွေကို အသားအနာခံစရာ ၊ Gym တွေ ပင်ပင်ပန်းပန်း သွားကစားစရာမလိုပဲ ရရှိစေမှာဖြစ်ပါတယ်။ Muscles တွေနဲ့ စိတ်ကူးထဲက body အတိုင်းဖြစ်စေမှာ ကြောင့် ဓာတ်ပုံထဲ handsome ရလည်း မနည်းပါဘူး။ (:b) )

App ထဲမှာ ရွေးချယ်ဖို့ muscles ဒီဇိုင်းတွေ ပုံစံမျိုးစုံပါပါတယ်။ ကြိုက်နှစ်သက်တဲ့ muscles ဒီဇိုင်းကို တပ်ဆင်နိုင်ပါတယ်။ တက်တူးပုံစံတွေလည်း ရာကျော်ပါဝင်ပါတယ်။ ကြိုက်တဲ့ ဒီဇိုင်းကို စိတ်ကြိုက်ရွေးရုံပါပဲ။ အခြားပြောင်းလဲလို့ရတာတွေလည်းရှိပါသေးတယ်။ သူတို့တွေကတော့…

  • Body transformation ( Body structure ပုံစံပြောင်းလဲ နိုင်တာပါ။ ကိုယ်ကြိုက်တဲ့ body ပုံစံရွေးချယ်ပြီးပြောင်းနိုင်ပါတယ်။)
  • Bigger and larger (ရင်အုပ် ကားကားလား (ဒါမှမဟုတ်ရင်) ကြွက်သား ကြီးကြီးလား။ ကိုယ့်ကြိုက်တဲ့ စတိုင်ပုံစံ အတိုင်းရွေးနိုင်ပါတယ်
  • Taller and longer ( အရပ်ပါ ရှည်လို့ရပါတယ်။)
  • Change skin tone (အသားအရောင်လည်း ပြောင်းလဲနိုင်ပါတယ်။ )

အပေါ်မှာ ဖော်ပြသွားတာတွေက Body ပိုင်းဆိုင်ရာ ပြောင်းလဲနိုင်တာတွေပါ။ အောက်မှာ မျက်နှာနဲ့ ပတ်သက်ပြီး လာမယ်နော်။

  • Smooth (အသားအရေကို ချောမွတ်နေအောင်ပြောင်းနိုင်ပါတယ်။)
  • Hot Beards ( ဆွဲဆောင်မှုရှိတဲ့ မုတ်ဆိတ်မွှေး (Beards) တွေလည်း တပ်နိုင်ပါတယ်။
  • Hairstyle ( ဆံပင်ပုံစံ အမျိုးမျိုးကိုလည်း ရွေးချယ်နိုင်ပါတယ်)
  • Hair color (ဆံပင် ကာလာပြောင်းလို့လဲရပါတယ်)
  • Accessories ( လက်စွပ်၊မျက်မှန်၊ဦးထုတ်၊ဆွဲကြိုး) စတဲ့ accessories တွေကိုလည်း ရွေးနိုင်ပါတယ်။

Filters တွေအားလုံးကို Professional Designers တွေက ပြုလုပ်ထားတာကြောင့် edit လုပ်လို့လုပ်ထားမှန်း လုံးဝသိသာမှာ မဟုတ်ပါဘူး။

တကယ့်ကို နောက်တစ်ယောက်ဖြစ်သွားသလို ပြောင်းလဲနိုင်တဲ့ App ဖြစ်တာကြောင့် Manly ဖြစ်ချင်တဲ့သူတွေ ရွေးချယ်သင့်တဲ့ App ပါ။ App ထဲက တစ်ချို့ features တွေကို Purchase ဝယ်ယူမှာ သုံးနိုင်မှာဖြစ်ပါတယ်။ Android ရော iOS ရောအတွက် free download လုပ်နိုင်ပါတယ်။

အောက်မှာ Manly – Selfie Editor for Man App နဲ့ ဖန်တီးထားတဲ့ Manliest အဖြစ်ဆုံး ဓာတ်ပုံလေးတွေကို နမူနာကြည့်နိုင်ပါတယ်။

 

 

 

 

 

Download link – Android/ IOS

, ,

Leave a Reply

Your email address will not be published. Required fields are marked *