ပုံလှလှလေးတွေ ပြုလုပ်ပေးတဲ့ applications တို့ရဲ့ ပဲ့ကိုင်ရှင် Meitu

အခုတစ်ခေါက်မှာတော့ အားလုံးနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ applications တွေရဲ့ ပဲ့ကိုင်ရှင် Meitu နဲ့ မိတ်ဆက်ပေးပါ့မယ်။ Meitu Company ကို အောက်တိုဘာလ ၂၀၀၈ ခုနှစ်မှာ ကမ္ဘာကြီးကို ပိုပြီး လှပစေလိုတဲ့ ရည်ရွယ်ချက်နဲ့ တည်ထောင်ခဲ့ပါတယ်။BeautyCam, Meipai, နဲ့ Meitu Smartphones စတဲ့ product တွေအများအပြားကို ဖန်တီးခဲ့ပြီး လတ်တလော နာမည်ကြီး နေတဲ့ Meitu application ကိုလည်း ထုတ်လုပ်ခဲ့ပါတယ်။

China ရဲ့ company တစ်ခုဖြစ်တဲ့ Meitu ရဲ့ applications တွေကို ၂၀၁၆ခုနှစ် အောက်တိုဘာ ၃၁ ရက်မှာ Devices ပေါင်း ၁.၁ ဘီလီယံကျော်မှာ စတင်ခဲ့ပြီး လစဉ်အသုံးပြုသူပေါင်း ၄၅၆ မီလီယံအထိရှိခဲ့ပါတယ်။ App Annie ရဲ့အဆိုအရ Meitu ဟာ၂၀၁၄ ခုနှစ်ဇွန်လ မှ ၂၀၁၆ အောက်တိုဘာလအတွင်း ကမ္ဘာတစ်ဝှမ်း iOS ရဲ non-game app developers ထဲမှာ ထိပ်ဆုံးရှစ်ခုမြောက်နေရာကိုရရှိခဲ့ပါတယ်။၂၀၁၆ခုနှစ် ဒီဇင်ဘာ ၁၅မှာ Main Board of the Hong Kong Stock Exchange စာရင်းမှာပါဝင်ခဲ့ပါတယ်။

လတ်တလော ထွက်ရှိထားတဲ့ Meitu application ဟာ ဓာတ်ပုံတွေကို ကာတွန်း anime ပုံစံဖန်တီးပေးမှာဖြစ်ပါတယ်။ Stickers တွေနဲ့ သက်ဝင်လှပတဲ့ filters တွေအများအပြားကိုလည်း အသုံးပြုနိုင်မှာဖြစ်လို့ သင့်ကိုစိတ်ကျေနပ်စေမှာပါ။ အသုံးပြုသူအရေအတွက် များပြားလျှက်ရှိပြီး အခြား Meitu ထုတ်ကုန်တွေကဲ့သို့ လူကြိုက်များတဲ့ application ဖြစ်ပါတယ်။ Android အတွက်ရော iOS အတွက်ရော free အသုံးပြုနိုင်မှာဖြစ်ပါတယ်။

 

Meitu company 
Image Source – meitu

, ,

Leave a Reply

Your email address will not be published. Required fields are marked *