Facebook က ထုတ်လုပ်ဖန်တီးထားတဲ့ ကလေးတွေအတွက် သီးသန့် Messenger Kids

မကြာသေးမီကမှ facebook က ထုတ်လုပ် မိတ်ဆက်လိုက်တဲ့ application ဖြစ်ပါတယ်။ ကလေးငယ်တွေနဲ့ မိဘတွေ အလွယ်တကူ ချိတ်ဆက်နိုင်စေဖို့ ရည်ရွယ်ပြီး Messenger kids ကို ထုတ်လုပ်ထားတာပါ။ ရိုးရိုး Messenger လိုပဲ video ဖုန်းခေါ်ဆိုမှု နှင့် စာတိုပို့ဆောင် မှုများကို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ကလေးတွေအတွက် ပြုလုပ်ထားတဲ့ messenger ဖြစ်တဲ့အတွက် မိဘများ ခွင့်ပြုထားတဲ့ စိတ်ချ ယုံကြည်ရတဲ့သူတွေနဲ့သာ အဆက်အသွယ်ပြုလုပ်နိုင်မှာပါ။ အုပ်စုလိုက်(သို့) တစ်ယောက်ချင်း video ဖုန်းခေါ်ဆိုမှုများကို ပြုလုပ်နိုင်ပြီး ရယ်စရာကောင်းတဲ့ မျက်နှာဖုံး ဒီဇိုင်းတွေနဲ့ အသံတွေပါ ပါဝင်မှာဖြစ်ပါတယ်။

မိဘတွေက မိမိတို့သားသမီးတွေနဲ့ အဆက်အသွယ်လုပ်ရမယ့် လူစာရင်းကို အပြည့်အဝ ထိန်းချုပ်ထားနိုင်မှာဖြစ်လို့ မိတ်ဆွေ ဖွဲ့ရမယ့် လူစာရင်းကို ရွေးချယ်ပေးနိုင်ပါတယ်။ ကလေးတွေကို ဆွဲဆောင်နိုင်မယ့် မျက်နှာဖုံးဒီဇိုင်းတွေ၊ ဓာတ်ပုံဘောင်တွေ၊ စတစ်ကာတွေနဲ့ GIF တွေအများကြီး ထည့်သွင်းပေးထားလို့ စကားပြောရင်းရယ်မောနေရမှာပါ။ ကလေးတွေ အသုံးပြုတဲ့ messenger kids ကို လူကြီးတွေသုံးတဲ့ ရိုးရိုး messenger နဲ့ ချိတ်ဆက် နိုင်လို့ မိဘတွေအနေနဲ့ messenger kids ကိုထပ်ပြီး download လုပ်ဖို့ မလို ပါဘူး။

 

 

ဖုန်းနံပါတ်မလိုပဲ ကလေးတွေ အလွယ်တကူ အသုံးပြုနိုင်တဲ့ application ဖြစ်လို့ မိဘတွေ အပြင်ရောက်ရင်ပဲဖြစ်ဖြစ် အလုပ်သွားရင်ပဲဖြစ်ဖြစ် ကလေးတွေရဲ့ အခြေအနေကို သိရှိနိုင်ပါတယ်။ Facebook account ဖွင့် ဖို့မလိုပဲ messenger kids account တစ်မျိုးကို ပဲ ဖွင့်ထားဖို့ လိုအပ်ပါတယ်။ Facebook က တရားဝင် ထုတ်လုပ် မိတ်ဆက် ထားတဲ့ application ဖြစ်တာမို့ စိတ်ချလက်ချ
အသုံးပြုနိုင်ပါတယ်။ iOS တစ်မျိုးတည်းမှာသာအသုံးပြုနိုင်မှာပါ။

 

Image Source : Messenger Kids

, ,

Leave a Reply

Your email address will not be published. Required fields are marked *