Notch ကိုစိန်ခေါ်လိုက်တဲ့ MI Mix 3 ရဲ့ Magnetic Slider

iPhone X နဲ့ အတူပါလာတဲ့ Notch ဟာ စမတ်ဖုန်းလောကရဲ့ အိပ်မက်ဖြစ်တဲ့ Borderless Screen (ဘောင်မဲ့မျက်နှာပြင်) အတွက် ခြေလှမ်းသစ် တစ်ခုပါ။ Full HD+ Display အချိုးဖြစ်တဲ့ 18:9 ကို Xiaomi က MI Mix နဲ့ စပြီးမိတ်ဆက်ခဲ့ပေမယ့်လည်း သိပ်သတိမထားမိခဲ့ကြပါဘူး။

Apple ရဲ့ ဆယ်နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ ထုတ်ပြလိုက်တဲ့ iPhone X ကတော့ ဂရုမစိုက်ဘဲနေလို့ မရတော့ပါဘူး။ သူက Full HD+ Display အချိုးသုံးထားတဲ့အပြင် Notch ဆိုတဲ့ အရာတစ်ခု ပါလာတဲ့အတွက်ကြောင့်ပါပဲ။ နည်းပညာရှေ့ပြေး ကုမ္ပဏီတစ်ခုက ခြေလှမ်းသစ်တစ်ခု စလှမ်းတာဟာ ပြိုင်ဘက်ကုမ္ပဏီတွေအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ်ပါပဲ။

iPhone X မှာ Full HD+ ratio ဆိုပေမယ့် Landscape အနေအထားနဲ့ သုံးရတဲ့အခါမျိုးမှာ သူ့ရဲ့ Notch ကြောင့် စိတ်ကသိကအောက်ဖြစ်ရပါတယ်။ ဒါကြောင့် စမတ်ဖုန်းကုမ္ပဏီတွေဟာ Camera၊ Earpiece၊ အနီအောက်ရောင်ခြည် Sensor တို့အတွက် Notch မထည့်ဘဲနဲ့ ဘယ်လိုမျိုးထည့်သွင်းကြမလဲဆိုတာ စိန်ခေါ်မှုတစ်ခုလို ဖြစ်နေခဲ့ပါတယ်။

Notch မပါဘဲ Camera Face ID တို့ကို ဖျောက်ပြီး Full HD+ Display ကို သုံးပြီး ပထမဆုံးထွက်လာတဲ့ စမတ်ဖုန်းကတော့ OPPO Find X ပါပဲ။ သူလည်း ဘောင်ပျောက်လုနီးပါးဖြစ်အောင် လုပ်ထားတာပါ။ Selfie Camera နဲ့ Face ID ကို Notch မသုံးဘဲ ဖုန်းရဲ့ အပေါ်ဘက်ကနေ Pop-up ပုံစံနဲ့ ထွက်လာအောင် စီမံထားတာပါ။ သူလည်း MI Mix လိုပဲ လူတွေရဲ့ အာရုံစိုက်ခြင်း သိပ်မခံရပါဘူး။

Xiaomi က ထုတ်ပြလိုက်တဲ့ MI Mix 3 ကတော့ အရင် Mix series တွေ တုန်းကလို Selfie Camera ကို ဖုန်းရဲ့ အောက်ဘက်မှာ မထည့်ဘဲနဲ့ Magnetic Slider ဆိုပြီး ပုံစံအသစ်နဲ့ ထည့်သွင်းပေးလိုက်တာပါ။ သူရဲ့ Magnetic Slider မှာ Infra-red light Sensor၊ Proximity Sensor Earpiece တို့ကိုထည့်သွင်းထားတဲ့ အတွက် ဖုန်းမျက်နှာပြင်ရဲ့ 93.4% အထိကို Dispaly အတွက် နေရာပေးထားတာကို တွေ့ရမှာပါ။

Magnetic Slider ဟာ Selife ဆွဲရုံ၊ Face Recogntion လုပ်ရုံ သက်သက်တင် မဟုတ်ပါဘူး၊ Slide to Start ဆိုပြီးတော့ လုပ်ဆောင်ချက်တစ်ခုကို ထည့်ပေးထားပါသေးတယ်။ ဖုန်းစခရင်ကို Slide ဆွဲလိုက်ရုံနဲ့ ဖုန်းကိုင်တာ၊ selfie ရိုက်တာ၊ အခြား App တွေကို ပါ Customize လုပ်ပြီးထည့်နိုင်မှာ ဖြစ်တဲ့ အတွက် လုံးဝကို Brand New Features တွေပါ။

Slide လုပ်တာ အကြိမ်အရေအတွက်များလာရင် Jammed ဖြစ်တာ၊ Functions တွေ အလုပ်မလုပ်တော့တာ ဖြစ်မလားဆိုတာကတော့ သံသယဖြစ်စရာပါပဲ။

Ref: MIUI Global Forum

,

Leave a Reply

Your email address will not be published. Required fields are marked *