ဈေးနှုန်းမြင့် Application တစ်ခုအဖြစ် ရောက်ရှိလာတဲ့ Minimoog Model D

မကြာသေးခင်က ထွက်ရှိထားတဲ့ Minimoog Model D app ဟာ တန်ဖိုးမြင့် app တစ်ခုအနေနဲ့ iOS mobile devices တွေပေါ်ရောက်ရှိလာပါပြီ။ ထွက်ရှိထားတာ သိပ်မကြာသေးခင်မှာပဲ အသုံးပြုသူအရေအတွက် များပြားလာခဲ့တဲ့အပြင် rating ဟာလည်း 4.7/5 အထိ ရောက်ရှိနေတာတွေ့ရပါတယ်။ Moog က သူ့ရဲ့ ၁၉၇၀ ခုနှစ် minimoog မူရင်း ကီးဘုတ်ဒီဇိုင်း ကို အသုံးပြုပြီး app အဖြစ်ဖန်တီးခဲ့တာပါ။

Analog antecedent မှာဖော်ပြထားတဲ့ functions တွေအပြင် –
• Four-note polyphony ဖြင့် chords တီးနိုင်ခြင်း၊
• Rhythmic အမှတ်အသားတွေကို ဖန်တီးရာမှာ အလွယ်တကူအသုံးပြုနိုင်ဖို့ arpeggiator
• အကန့်အသတ်မဲ့ သီချင်းတွေကို အသံဖမ်းပေးမယ့် real time looping recorder
• Tempo-sunchronizable stereo ping pong delay module
• Bender တို့ကိုလည်း ထည့်သွင်းထားပါတယ်။

The Minimoog Model D App က AUv3 Audio Unit Extensions ကိုထောက်ပံ့ပေးထားတာကြောင့် App ရဲ့ GarageBand® app လိုမျိုး အခြား app တွေနဲ့လည်း တစ်ပြိုင်တည်း အသုံးပြုနိုင်ပါတယ်။

နောက်ခံသမိုင်းကြောင်း

1970 ခုနှစ်က ထွက်ရှိခဲ့တဲ့ minimoog ကီးဘုတ်ဟာ ကီးဘုတ်များအားလုံးရဲ့ ဘိုးအေကြီး လို့ပြောရင်လည်း မမှားပါဘူး။ အသုံးပြုသူတွေကို ကိုယ်ပိုင်သီးချင်းတွေဖန်တီးနိုင်စေခဲ့ပြီး အိမ်မက် တွေကို လက်တွေ့အကောင်အထည်ဖော်နိုင်ကောင် ကူညီပေးခဲ့တဲ့ ကီးဘုတ်တစ်ခုဖြစ်ခဲ့ပါတယ်။ Bernie Worrell က Minimoog ကီးဘုတ်ကို အသုံးပြုပြီး Parliament Funkadelic အဖွဲ့ရဲ့ futuristic funk သီချင်းကို ပြုလုပ်ခဲ့ပါတယ်။ Kraftwerk ကလည်း Minimoog Model D ကို Autobahn အယ်လ်ဘမ် concept အတွက် ငှားရမ်းခဲ့ပါတယ်။ ဒါ့အပြင် Gary Numan ကလည်း သူ့ရဲ့ ဂီတာ နေရာမှာ Minimoog Model D ကို အစားထိုး အသုံးပြုခဲ့ပြီး industrial music ကိုဖန်တီးခဲ့ပါတယ်။ Minimoog Model D ရဲ့ အကောင်းဆုံးသီချင်းတွေကို Bob Marley ရဲ့ Catch A Fire , Michael Jackson ရဲ့ Thriller နဲ့ Dr.Dre ရဲ့ The Chronic တို့ထဲမှာ ခံစားနားဆင် နိုင်ပါတယ်။

တစ်ခေတ်တစ်ခါက နာမည်ကြီး ခဲ့တဲ့ ကီးဘုတ် ဘိုးအေကြီး ရဲ့ app ဖြစ်တာကြောင့် ခုလို လူကြိုက်များနေတာ လုံးဝကို သိသာထင်ရှားပါတယ်။ အပြင်မှာ တကယ် ရှိတဲ့ Minimoog Model D ရဲ့အကြောင်းကို ဗဟုသုတရဖွယ်သိရှိရမယ့်အပြင် ဂီတချစ်သူတွေအတွက် application တစ်ခုတည်းနဲ့ အကောင်းဆုံးသီးချင်းတွေ ဖန်တီးနိုင်စေဖို့အတွက်ရည်ရွယ်ပြီး ရေးသားဖော်ပြပေးလိုက်ပါတယ်။

Minimoog Model D app ကို အသုံးပြုချင်ရင် App Store မှာ မြန်မာငွေ ၁၆၀၀၀ ကျပ်ဝန်းကျင် ($11.99) ပေးပြီးဝယ်ယူ download လုပ်ယူနိုင်ပါတယ်။ iOS တစ်မျိုးတည်းအတွက်ပဲ အသုံးပြုနိုင်ပါတယ်။

 

Download link – IOS

,

Leave a Reply

Your email address will not be published. Required fields are marked *