အဆင့်သတ်မှတ်ချက်တွေထဲမှာ အကောင်းဆုံးကို ရရှိနေပြီဖြစ်တဲ့ MiniSynth2

iOS synthesizer application တစ်ခုဖြစ်တဲ့ MiniSynth2 ဟာ အကောင်းဆုံးအဆင့်သက်မှတ်ချက်တစ်ခု ဖြစ်တဲ့ rating ၅ ကို ရရှိသွားပါပြီ။ Synthesizer ဆိုတာက အသံမျိုးစုံပေါင်းစပ် ဖန်တီး နိုင်တဲ့ အီလက်ထရောနစ် တူရိယာ တစ်မျိုးဖြစ်ပါတယ်။

MiniSynth2 ကို ပရော်ဖက်ရှင်နယ် ဂီတသံစဉ် iOS applications တွေကို ပြုလုပ်တဲ့ Yonac ကဖန်တီးထားတာဖြစ်ပါတယ်။ တကယ့် synthesizer တစ်ခုလို သံစဉ်တွေကို ဖန်တီးနိုင်မှာဖြစ်လို့ သူ့ကို synthesizer အသေးစားလေးလို့တောင် ခေါ်ဝေါ်ကြပါတယ်။

ဒီဇိုင်းနဲ့ အင်္ဂါရပ်တွေကိုတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ဝက်ကျော် ကပုံစံမျိုး ဖန်တီးထားတာဖြစ်လို့ နည်းနည်းဟောင်းနေသလိုမျိုးခံစားရရုံက လွဲရင် အရမ်းကို မိုက်တဲ့ synthesizer တစ်ခုဖြစ်ပါတယ်။ Yonac က $4.99 ပေးဝယ်ရတဲ့ Mayellan synthesizer ကိုအရင်ထုတ်ခဲ့တာဖြစ်ပြီး လူကြိုက် အရမ်း များတဲ့အတွက် လက်ဆင့်ကမ်း မျိုးဆက် အဖြစ် MiniSynth2 ကို ထပ်မံထုတ်ခဲ့တာဖြစ်တယ်။ MiniSynth2 က $0.99 ပဲပေးရတဲ့အတွက် အခုဆိုရင် original Mayellan ထက်တောင်လူကြိုက်ပိုများနေပါပြီ။

သံစဉ်မျိုးစုံကိုပေါင်းစပ်လို့ရတဲ့အပြင် Menu မှာ Oscillators, Filter&Envs, FX, Presets, Tapedeck စတဲ့ အမျိုးအစားတွေကိုပါရွေးချယ်နိုင်မှာဖြစ်ပါတယ်။ သံစဉ်တွေကို ဖန်တီး ပြီး စိတ်တိုင်းကျဖြစ်သွားရင် record လုပ်ထားနိုင်ပါတယ်။ Synthesizer တစ်ခု ဝယ်စရာမလိုတော့ပဲ ကိုယ့်ရဲ့ ကိုယ်ပိုင်phone လေးထဲမှာပဲ အချိန်တိုင်းနေရာတိုင်မှာ ဝါသနာပါတာလေးကို ဖန်တီးလို့ရနိုင်မှာဖြစ်လို့ အသိပေးလိုက်တာပါ။

iOS version 7.1 ရှိရုံနဲ့ အသုံးပြုနိုင်မှာဖြစ်တဲ့အပြင် file size ကလည်း 12.1 MB လေးပဲရှိလို့ Memory စား အလွန်သက်သာပါတယ်။ ဂီတကို ဖန်တီးရတာ ဝါသနာပါတဲ့ လူငယ်တို့ စမ်းပြီး သုံးကြည့် နိုင်ဖို့ မိတ်ဆက်ပေးလိုက်ပါတယ်။

 

Image Source – MiniSynth2

,

Leave a Reply

Your email address will not be published. Required fields are marked *