သင့်ရဲ့ တစ်နေ့တာဖုန်းအသုံးပြုတဲ့ အချိန်ကို ဖော်ပြပေးမယ့် Moment – Screen Time Tracker

လူတိုင်းလူတိုင်းမှာ ဖုန်းအသုံးပြုတဲ့ အချိန်ဆိုတာ ရှိထားသင့်ပါတယ်။ ဖုန်းအသုံးပြုတာ မကောင်းဘူးလို့ မဆိုနိုင်ပေမယ့် လူ့ဘဝရဲ့ အချိန်တွေအားလုံးကို ဖုန်းအသုံးပြုပြီး ကုန်ဆုံးစေမယ်ဆိုရင် တော့ အရမ်းကို နစ်နာပါတယ်။

ကျွန်မတို့ရဲ့ တစ်နေ့ပြီးတစ်နေ့တန်ဖိုးရှိလှတဲ့ အချိန်တွေကို social networking apps (facebook , Instagram , Twitter ,etc ) တွေ သုံးပြီး ဖြုန်းပစ်နေကြတာ အချိန်ဘယ်လောက်ထိ ကုန်လို့ ကုန်သွားမှန်းလဲ မသိကြပါဘူး။ အဲ့တာကြောင့် မိတ်ဆွေရဲ့ အချိန်တွေ ဖုန်းသုံးရင်း ဘယ်လောက်တောင်ကုန်သွားလဲ သိချင်ရင် Moment – Screen Time Tracker ကို သင့်ရဲ့ ဖုန်းထဲမှာ download လုပ်ထားသင့်ပါတယ်။

Moment – Screen Time Tracker က သင့်ဖုန်းကို တနေ့ ဘယ်လောက်အထိ အသုံးပြုလဲဆိုတာဖော်ပြပေးမှာပါ။ ဒါ့အပြင် ဖုန်းထဲမှာ အသုံးပြုမှု အများဆုံး app နာမည် ကိုပါ သိရှိရမှာဖြစ်တဲ့အတွက် ဖုန်းသုံးတဲ့ အချိန်ကို လျော့ချင်လို့ပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကို challenge ပြန်လုပ်ချင်လို့ပဲ ဖြစ်ဖြစ် အရမ်းကို အသုံးဝင်ပါတယ်။

ဖုန်းသုံးတဲ့ အချိန်ကိုပါ ကန့်သတ်ထားလို့ရတဲ့ အတွက် ဥပမာ တစ်နေ့ကို ၃နာရီပဲ ဖုန်းသုံးမယ်ဆိုပြီး limit လုပ်ထားရင် အချိန် ၃နာရီ ပြည့်တာနဲ့ reminder အသံလေးထွက်လာမှာပါ။ Reminder အသံ ၆ မျိုးပါဝင်မှာဖြစ်တဲ့အတွက် ကိုယ် ကြိုက်နှစ်သက်တဲ့ အသံကို ရွေးချယ်နိုင်ပါတယ်။

ကိုယ်တစ်ယောက်တည်းရဲ့ ဖုန်းအသုံးပြုချိန်တွေကိုသာမကပဲ အခြားမိသားစုဝင်တွေရဲ့ တစ်နေ့တာ ဖုန်းအသုံးပြုချိန်ကိုပါ ချိတ်ဆက်ပြီး ကြည့်လို့ရတဲ့အတွက် scoreboard မှာ ဘယ်သူ နံပါတ်တစ်နေရာယူထားလဲ အလိုအလျောက်သိနိုင်ပါတယ်။ (မိဘတွေ ကလေးတွေရဲ့ ဖုန်းသုံးချိန်ကို ထိန်းပေးလို့ ရပြီ…?)

iPhone , iPad , Apple Watch တို့နဲ့ပဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Premium Purchase ကို ၅၂၆၆ ကျပ် ပေးပြီး အသုံးပြုနိုင်သလို မဝယ်ပဲနဲ့ လည်းအသုံးပြုနိုင်ပါတယ်။ App Store မှာ rating 4.5 ရရှိထားပြီး ဖိုင် အရွယ်အစားက 97 MB ရှိပါတယ်။ လူကြိုက်များရေပန်းစားနေပြီး review ကောင်းကောင်းတွေရရှိထားတဲ့အတွက် သင့်အတွက် အသုံးဝင်မယ့် app တစ်ခုလို့ ယုံကြည်ပါတယ်။

 

Image Source – Moment – Screen Time Tracker

,

Leave a Reply

Your email address will not be published. Required fields are marked *