သင့်ရဲ့ စိတ်ခံစားချက်တွေကို မှတ်ထားပေးမယ့် Moodnotes – Thought Journal / Mood Diary

လူအမျိုးမျိုး စိတ်အဖုံဖုံ ဆိုတဲ့ စကားအတိုင်း လူတိုင်းမှာ စိတ်ခံစားချက်မျိုးစုံရှိကြပါတယ်။ ဘဝမှာ စိတ်သဘောထား ကောင်းတဲ့ သူရှိသလို ဆိုးတဲ့ သူတွေလည်းရှိတဲ့အတွက် လူတိုင်းလူတိုင်းကို အကောင်းမြင် စိတ်နဲ့ ကြည့်နိုင်ဖို့ အရမ်းကို အရေးကြီးပါတယ်။ အဲ့တာကြောင့် ဒီတစ်ခေါက်မှာ သင့်ရဲ့ စိတ်အခြေအနေကို ပြောင်းလဲပေးပြီး အကောင်းမြင်ဝါဒနဲ့ ပျော်ရွှင်တဲ့ သူတစ်ယောက်ဖြစ်လာစေမယ့် app လေးနဲ့ မိတ်ဆက်ပေးထားပါတယ်။ Moodnotes makes က သင် လက်ရှိ သင်ခံစားနေရတဲ့ ခံစားချက်တွေကို လွယ်ကူစွာ မှတ်ထားပေးမယ့် app ဖြစ်ပါတယ်။ လူတွေရဲ့ ပျော်ရွှင်မှု ၊ ဝမ်းနည်းမှု ၊ စိတ်လှုပ်ရှားမှု စတဲ့ ခံစားချက်တွေ အားလုံးကို မှတ်တမ်းတင်ပေးနိုင်လို့ တစ်နေ့တာ ဘာတွေခံစားနေရလဲဆိုတာ သိနိုင်မှာဖြစ်ပါတယ်။

App ထဲမှာ တစ်နေ့ကိုတစ်ကြိမ် သင်ဘာတွေ ခံစားနေရလဲဆိုတာ မေးပေးမှာပါ။ နေ့တိုင်း ဖုန်းရဲ့ screen ပေါ်မှာ မျက်နှာလေးတစ်ခုပေါ်လာမှာဖြစ်ပြီး “How are you?” ဆိုတဲ့ စာလေးကို အမြဲမေးပေးနေမှာပါ။ Screen မှာ ပေါ်နေတဲ့ မျက်နှာလေးကို လက်နဲ့ အပေါ်ဆွဲလိုက်ရင် ပြုံးလာမှာဖြစ်ပြီး အောက်ကိုဆွဲချလိုက်ရင် မဲ့လာမှာဖြစ်ပါတယ်။ Sad , optimistic , disappointed , depressed , tired , grateful, Demoralized , Stressed စတဲ့ စိတ်ခံစားချက်တွေထဲမှာ သင်ဘာတွေ ခံစားနေရလဲဆိုတာပြောပြပြီး ရင်ဖွင့်လို့ရပါတယ်။

လက်တလော စိတ်ထဲမှာ ဖြစ်နေတဲ့ ခံစားချက်တွေကို “Quick Save” ဆိုတာလေး နှိပ်ပြီး သိမ်းထားလို့ရနိုင်သလို “Add Detail” ကို နှိပ်ပြီး ဘာကြောင့် ခံစားနေရလဲဆိုတာကိုပါ မှတ်ထားလို့ရပါတယ်။ သင့်ရဲ့ စိတ်ထဲမှာ အချိန်တိုင်းဖြစ်နေတဲ့ ခံစားချက်တွေကို ရောင်စုံ ဇယားကွက်နဲ့ မှတ်ပေးထားမှာဖြစ်လို့ ကိုယ်က ဘယ်လိုမျိုး စိတ်နေစိတ်ထား ရှိတဲ့လူလဲဆိုတာကို ပါကြည့်နိုင်ပါတယ်။ မကောင်းမြင်စိတ်တွေကို ပြန်လည်ပြင်ဆင်ပေးနိုင်တဲ့ app ဖြစ်ပြီး ဘဝမှာ ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားနိုင်ဖို့အတွက်ကူညီပေးသွားမှာပါ။

iOS တစ်မျိုးတည်း အတွက်ပဲ အသုံးပြုနိုင်ဦးမှာ ဖြစ်ပါတယ်။ စိတ်ဝင်စားရင် App Store မှာ မြန်မာငွေ ၅၂၇၅ ကျပ်ပေးဝယ် ပြီး အသုံးပြုနိုင်ပါတယ်။ App Store ရဲ့ rating 4.7 အထိရရှိထားပြီး ဖိုင်အရွယ်အစားက 47.5MB ဖြစ်ပါတယ်။

 

Download link – IOS

,

Leave a Reply

Your email address will not be published. Required fields are marked *