Online ကနေ စာအုပ်တွေ အလွယ်တကူဖတ်နိုင်မယ့် moon+ reader

ဖုန်းနဲ့စာအုပ်​ ဖိုင်​​လေး​တွေ ဖတ်​တက်​တဲ့ asiaapp ပရိတ်​သတ်​ကြီးအတွက်​ ဒီတစ်​ခါမိတ်​ဆတ်​​ပေးချင်​တာက​တော့ pdf ဖိုင်​​တွေဖတ်​ရာမှာ အရမ်းကိုအသုံးဝင်တဲ့ Moon+ Reader ဆိုတဲ့​အပ်​ပလီ​ကေးရှင်းလေးဖြစ်​ပါတယ်​။အခု​ခေတ် ​ရေစီး​ကြောင်း ​အ​နေနဲ့ လူတိုင်းနီးပါးမိုဘိုင်းဖုန်းတွေအသုံးပြုလာ​တော့ တချို့စာ​ပေဝါသနာပါတဲ့ သူ​တွေအ​နေနဲ့ အွန်​လိုင်းက စာအုပ်စတိုး​လေး​တွေ၊ ဒါမှမဟုတ်​ဖရီးဝက်​ဘ်​ဆိုဒ်​​တွေက​နေ စာအုပ်​​တွေ ​ဒေါင်းလုတ်​ဆွဲပြီး ဖတ်​ကြတယ်​​​ဗျ။

အဲ့လိုဖွင့်ဖတ်​တဲ့အခါ တချို့app ​တွေက စာဖတ်​လို့ရယုံသာစွမ်း​ဆောင်ပေး​နိုင်​ပြီး အချိန်​ကြာမြင့်စွာ ဖတ်​တဲ့အခါ အဓိကမျက်စိကျန်းမာ​ရေးကိုပါ ထိခိုက်လာ​နိုင်​ပါတယ်​။ moon+ reader ဆိုတဲ့ application ​လေးက​တော့ သာမန်​စာအုပ်​ဖတ်​တဲ့ app ​တွေလိုမဟုတ်​ပဲ စွမ်း​ဆောင်​ချက်​များစွာ ပါဝင်​တဲ့ အပ်​ပလီ​ကေးရှင်း​ကောင်းများစွာထဲက တစ်ခုဖြစ်​ပါတယ်​​။

    

စာအုပ်​​တွေဖတ်​ပြီးပြန်​ထွက်​လိုက်​ရင်​လဲ recent list ကျန်​ခဲ့တာ​ကြောင့် ​နောက်​တစ်​ခါပြန်​ဝင်​ဖတ်​ရင်​ မိမိဖတ်​လက်​စ​နေရာက​နေပြန်​ဖတ်​နိုင်​မှာဖြစ်​ပါတယ်​။ ​နောက်​တခုက my shelf ဆိုတဲ့ feature​ လေးပါဝင်​တာ​ကြောင့် စာအုပ်​​တွေကို ​app ထဲမှာ ​အလွယ်​​တကူ​ပေါ်​နေ​အောင်​ စီမံထားလို့လည်း ရ​ပါသေးတယ်​။​ Book mark/statistics ဆိုတဲ့ feature​ လေးကလဲ မိမိ စာအုပ်​ဘယ်​နှအုပ်​ဖတ်​ပြီးပြီလဲ၊တ​နေ့ဘယ်​နှနာရီဖတ်​ထားသလဲ၊အစရှိသဖြင့် ​ဖော်​ပြ​ပေးထား​သေးတယ်​​။

​နောက်​တခုအရမ်း​ကောင်းတဲ့ feature က​တော့ ကျွန်​​တော်​တို့စာဖတ်​တာ တစ်​နာရီပြည့်တာနဲ့ ဖုန်းပိတ်ပြီးမျက်​စိအနား​ပေးဖို့အတွက်​ သတိ​ပေးချက်​​လေးက စက္ကန့် ​​​၆၀ ကြာ​အောင်​​ ဖော်​ပြ​ပေးမှာပဲ ဖြစ်​ပါတယ်​။ အဲ့လို​ဖော်​ပြ​နေရင်​​တော့တကယ်​ပဲမိမိမျက်​စိကျန်းမာ​ရေးအတွက် ​အနားယူတာပဲဖြစ်​ဖြစ်​ ၊တစ်​ခြား မျက်​စိကျန်းမာ​ရေးအတွက်​ ဆရာဝန်​ညွှန်​ကြားထားတဲ့နည်းလမ်း​တစ်​ခုခုကို လုပ်​သင့်ပါတယ်​။

ညချိန်​စာဖတ်​တဲ့အခါမျက်​စိ မထိမခိုက်​​အောင်​ ကာကွယ်​နိုင်​ဖို့အတွက်​ night mode ကို​​​​ပြောင်းပြီးအသုံးပြုနိုင်​​သေးတယ်​။ စာဖတ်​​နေတဲ့အခါ​နောက်​ခံအလင်း​အ​မှောင်​ကိုလည်း ချိန်​ညှိပြီးအသုံး ပြုနိုင်​တာ​ကြောင့် တကယ်​ကိုကျန်းမာ​ရေးနဲ့ညီညွတ်​စွာ အသုံးပြုနိုင်​တဲ့app ​ကောင်းလေးတစ်​ခုဖြစ်​တယ်ဆိုတာကို လက်တို့လိုက်ပါတယ်နော်။​ အောက်ပါလင့်တွင်​​ ဒေါင်းလုတ်​ရယူနိုင်​ပါတယ်​ခင်​​ဗျ။

Android –  Download

Leave a Reply

Your email address will not be published. Required fields are marked *