Moto Z2 Play ကို $150 အထိစျေးလျော့ရောင်းချနေတဲ့ Motorola!

Motorola ဟာ သူ့ရဲ့ Official Website မှာချစ်သူများနေ့အတွက် အထူးပရိုမိုးရှင်းအစီအစဉ်တွေကိုတော့ ဖေဖော်ဝါရီလ ၄ ရက်နေ့ (မနေ့က) စတင်နေပြီဖြစ်ပါတယ်။ V-day အထူးပရိုမိုးရှင်းအတွက် Moto Z2 Play (64GB) ကို $150 အထိစျေးလျော့လိုက်ပါပြီ။အဲ့တော့ Moto Z2 Play ရဲ့စျေးဟာ $499.99 ကနေပြီးတော့ $349.99 အထိကျဆင်းသွားပြီပဲဖြစ်ပါတယ်။ 32 GB ကိုတော့စျေးလျော့ထားခြင်းမရှိသေးပါဘူး။ 

Moto Z2 အပြင်အခြားသော device အချို့ကိုလည်းပရိုမိုးရှင်းပေးထားသေးပါတယ်။  Moto Mods (Moto Z ဖုန်းနဲ့ချိတ်ဆက်နိုင်သော Device) ကို ၂၅ ရာခိုင်နှုန်းစျေးလျော့ရောင်းချ၊ Moto Z2 force edition ဝယ်ယူရင် Amazon Alexa Moto Mod အခမဲ့ရယူနိုင် အစရှိတာတွေပဲဖြစ်ပါတယ်။ ပရိုမိုးရှင်းကာလကတော့ မနေ့ကစတင်ပြီး ချစ်သူများနေ့အပြီးထိပါပဲ။ ကျွန်တော်တို့ မြန်မာငွေနဲ့ကြည့်ရင် ၂ သိန်းနီးပါးအထိသက်သာတာကြောင့် အထူးကောင်းမွန်တဲ့အစီအစဉ်တစ်ခုလို့ဆိုရမှာပါ။

 

Source (motorola)

, , ,

Leave a Reply

Your email address will not be published. Required fields are marked *