သုံးစွဲသူများ၏ Data များကို Facebook မှနောက်ယောင်ခံမလိုက်နိုင်ရန်ကာကွယ်ပေးမည့် Firefox Facebook Container Extension

Facebook ကနေတစ်ဆင့် သုံးစွဲသူတွေရဲ့ Data တွေပေါက်ကြားမှုဖြစ်တယ်ဆိုတဲ့ အသံတွေထွက်ပေါ်လာတဲ့နောက် Facebook သုံးစွဲသူတွေကြားမှာ ပူပန်မှုတွေပိုမြင့်တက်လာပါတယ်။ ယခုအခါ Mozilla က ဒီတစ်နှစ် အတွင်းမှာပဲ Facebook သုံးစွဲသူတွေရဲ့ Web Activity (ဥပမာ – ဘယ် website တွေကိုကြည့်တယ်၊ သုံးတယ်ဆိုတာမျိုး) Facebook က နောက်ယောင်ခံမကြည့်နိုင်မယ့် Extension တစ်မျိုးကိုထုတ်လုပ်လိုက်ပါပြီ။

See also – လုပ်ငန်းကြီးတွေ Facebook ကို စတင်စွန့်ခွာနေပြီ

ဒီ Extension ကို ကိုယ့်ရဲ့ PC မှာ Install လုပ်ထားရင် Facebook ကို အပြာရောင် web-tab တစ်ခုမှာ သီးသန့်ဖွင့်ပေးထားမှာဖြစ်ပြီး တခြား websites တွေကိုဝင်ရောက်တဲ့အခါ facebook ရဲ့ Identity နဲ့ ဝင်လို့မရတော့သလို Facebook အနေနဲ့လဲ သင် ဘယ်လို Website တွေအသုံးများတယ်ဆိုတာကို ခြေရာကောက်ပြီး ကြော်ငြာတွေပို့လို့ရမှာမဟုတ်တော့ပါဘူး။

ဒါကြောင့် ဒီ Extension ကို install လုပ်ထားတာနဲ့ အခြား Website တွေကို Facebook account နဲ့ Log in ဝင်တာတွေ၊ Comment ပေးတာတွေ၊ Like လုပ်တာတွေတော့ လုပ်ဆောင်လို့ရမှာမဟုတ်တော့ပေမယ့် တစ်ဖက်မှာတော့ မိမိရဲ့ အချက်အလက်တွေ ပိုလုံခြုံမှုရှိလာမှာပဲဖြစ်ပါတယ်။

 

Via

Leave a Reply

Your email address will not be published. Required fields are marked *