ဗီဒီယိုသီချင်းတွေကို mp3 အဖြစ်ပြောင်းလဲပေးမယ့် MP3 Video Converter

​ဒီတစ်​ခါ မိတ်​ဆက်​​ပေးချင်​တဲ့ အပ်​ပလီ​ကေးရှင်​းက​တော့ ဗီဒီယိုသီချင်​း​လေး​တွေကို YouTube က​နေပဲဖြစ်​ဖြစ်​၊ အင်​တာနက်​​ပေါ်က​နေပဲ​ဖြစ်​ဖြစ်​​ ဒေါင်​းလုတ်​ဆွဲထားတဲ့ mp4 ဖိုင်​​လေး​တွေကို​ mp3 သီချင်​းဖိုင်​​လေး​တွေအဖြစ်​ ​ပြောင်​းလဲ​ပေးနိုင်​မယ်​့ mp3 video converter အပ်​ပလီ​ကေးရှင်​းပဲဖြစ်​ပါတယ်​။

မိမိဖုန်​းက storage နည်း​နေလို့ (ဒါမှမဟုတ်​) mp4 သီချင်​းဖိုင်​​တွေက ဖိုင်​ဆိုဒ်​အရမ်​းကြီး​နေလို့ပဲဖြစ်​ဖြစ်​၊ ​mp3 ဖိုင်​အဖြစ်​​ပြောင်​းချင်​တဲ့အခါ ဒီအပ်​ပလီ​ကေးရှင်​းလေးကို အသုံးပြုနိုင်​ပါတယ်​။ mp3 ​ပြောင်​းလိုက်​တဲ့အခါ music ​အပ်​ပလီ​ကေးရှင်​းထဲဝင်​သွားမှာဖြစ်​ပြီး ဖိုင်​ဆိုဒ်ကလည်း သေးသွားမှာဖြစ်​တာ​ကြောင်​့ မိမိဖုန်​း storage ​အပိုထွက်​လာမှာ ဖြစ်​ပါတယ်​။

အပ်​ပလီ​ကေးရှင်​းထဲဝင်​လိုက်​ရင်​ ညာဘက်​​ထောင်​့မှာရှိတဲ့ select ဆိုတာကို နှိပ်​ပြီး မိမိ​ပြောင်​းချင်​တဲ့ mp4 ​ဗီဒီယို ဖိုင်​​ကို ​ရွေး​ပေးရမှာဖြစ်​ပါတယ်​။ Change ဆိုတာက​တော့ ​mp4 က​နေ mp3 ​ပြောင်​းပြီးတဲ့အခါ ရရှိလာမယ်​့ mp3 ဖိုင်​ရဲ့ path ပဲဖြစ်​ပါတယ်​။ ကိုယ်​လိုအပ်​သလို​ပြောင်​းလဲထားနိုင်​ပါတယ်​။

Copy (acc) ဆိုတဲ့​နေရာမှာ mp3 လို့​ပြောင်​းရပါတယ်​။ ကျန်​တာက​တော့ default setting အတိုင်​းထားနိုင်​ပါတယ်​။ Setting အားလုံးပြင်​ပြီးပြီဆိုရင်​​တော့ ​နောက်​တစ်​ဆင်​့ convert ဆိုတာကိုနှိပ်ပြီး ခန​စောင်​့​ပေးရမှာ ဖြစ်​ပါတယ်​။ ပြီးရင်​​တော့ play ဆိုတာ​ပေါ်လာမှာဖြစ်​ပြီး ​ပြောင်းလဲပြီးသားဖိုင်​ကို နားဆင်​နိုင်​ပါပြီ။

တချို့ music mv​ တွေကတော့ youtube က​နေ​ဒေါင်​းတဲ့အခါ ဖိုင်​​လေး​တွေက damage ဖြစ်​​နေတတ်​ပါတယ်​။ အဲ့လိုဆိုရင်​​တော့ ဒီအပ်​ပလီ​ကေးရှင်​းနဲ့​ ​ပြောင်​းလို့ရနိုင်မ​ှာမဟုတ်​ပါဘူး ခင်​​ဗျ။ အသုံးပြုချင်​ရင်​​​တော့ ​အောက်​ပါလင်​့ခ်တွင်​ရယူနိုင်​ပါတယ်​။

Download link – Android

,

Leave a Reply

Your email address will not be published. Required fields are marked *