အကြိုက်ဆုံးသီချင်းတွေနဲ့ ဗီဒီယိုတွေ ဖန်တီးလို့ရမယ့် musical.ly

Musical.ly က video ဖန်တီးမှုတွေနဲ့ live ထုတ်လွှင့်မှုတွေအတွက် ထုတ်လုပ်ထားတဲ့ Chinese video social network app တစ်ခုဖြစ်ပါတယ်။ App ထဲမှာဆိုရင် အသုံးပြုသူတွေက ၁၅ စက္ကန့်ကနေ တစ်မိနစ်ထိ ရှိတဲ့ ဗီဒီယိုတွေကို effects ပုံစံ အမျိုးမျိုးနဲ့ ဖန်တီးလို့ရမှာဖြစ်ပါတယ်။

အခုနောက်ပိုင်း ခေတ်စားနေတဲ့ short video လေးတွေ လုပ်လို့ရမှာပါ။ ထူးခြားပြီး အရမ်းကိုမိုက်တဲ့ video တွေ ဖန်တီးနိုင်တဲ့ အပြင် magic ဆန်တဲ့ effects တွေနဲ့ သူငယ်ချင်းတွေကိုပါ လှည့်စားလို့ရပါပြီ။

Video ထဲကို သီချင်းထည့်သွင်းတဲ့ feature မှာဆိုရင် pop, rock, rap, electronic, R&B, country, နဲ့ အခြား သီချင်း အမျိုးအစားအများကြီးကို အခမဲ့ရွေးချယ်လို့ရမှာဖြစ်ပါတယ်။ အသုံးပြုနိုင်တဲ့ Emoji stickers လေးတွေ ၁၀၀ ကျော်ပါဝင်မှာဖြစ်ပါတယ်။ များပြားတဲ့ effects တွေနဲ့ မျက်နှာကို ပြင်ပြီး ရသ အမျိုးမျိုး ပေးနိုင်တဲ့ video တွေလုပ်နိုင်ပါတယ်။ ဒါ့အပြင် သင်ဖန်တီးထားတဲ့
video တွေကို အခြား musical.ly မှာရှိတဲ့ video ဖန်တီးသူတွေထံဝေမျှလို့လည်းရပါတယ်။ အသုံးပြုရတာလွယ်ကူပြီး ထိရောက်တဲ့ effects မျိုးစုံပါဝင်တဲ့ musical.ly app ကို iOS နဲ့ရော android နဲ့ရော နှစ်ခုစလုံးအတွက် အသုံးပြုနိုင်ပါတယ်။

ဒါလေးကတော့ Official website မှာတင်ထားတဲ့ musical.ly ရဲ့ video ဖြစ်ပါတယ်။

ကြည့်ရတာလေးကတော့ တော်တော် မိုက်တယ်။ ဒါပေမယ့် အဲ့video ပုံစံမျိုးထွက်လာဖို့ကလည်း ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုလည်းလိုပါသေးတယ်နော်…hkhk! XD

 

Download link – Android/ IOS

, ,

Leave a Reply

Your email address will not be published. Required fields are marked *