နိုင်ငံတကာက သီချင်းတွေကို စာသားလေးတွေနဲ့နားထောင်ချင်သူတွေအတွက် Musixmatch Lyrics Finder

သီချင်းတွေကို စာသားတွေနဲ့ နားထောင်ချင်သူတွေအတွက် ဒီ application နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Musixmatch က ကမ္ဘာအရပ်ရပ်က သီချင်းတွေရဲ့ lyrics တွေကို ရှာဖွေပေးတဲ့ apk တစ်ခုပါ။ ၂၀၁၀ ခုနှစ်ခုနှစ်မှာ လူသားတွေကို သီချင်းနဲ့ စာသား အတူတကွ တွဲပြီး နားထောင်စေချင်လိုတဲ့ ရည်ရွယ်ချက်နဲ့ ထုတ်လုပ်ခဲ့ပြီး အခုဆိုရင် သီချင်းချစ်သူ သန်းပေါင်းများစွာရဲ့ လက်ဆွဲတော် apk တစ်ခုဖြစ်နေပါပြီ။

Musixmatch က သင့်ကို ပေးစွမ်းနိုင်တဲ့ အရာတွေကတော့ –

• ဖုန်း library ထဲက သီချင်းတွေအားလုံးရဲ့ စာသားတွေကို ရှာဖွေပေးနိုင်ခြင်း

• Apple Music account (သို့) Spotify account နှင့် ချိတ်ဆက်ကာ သီချင်းနားထောင်နေရင်း lyrics များရှာဖွေနိုင်ခြင်း

• နားမလည်သော ဘာသာစကားများကို ဘာသာပြန်ပေးသောကြောင့် ဘာသာစကားအသစ်များကို လွယ်ကူစွာလေ့လာနိုင်ခြင်း

• ရှာဖွေချင်သောသီချင်းများကို သီချင်းနာမည် နှင့် အဆိုတော် နာမည်ရိုက်ထည့်ပြီး ရှာဖွေနိုင်ရုံသာမက lyric တစ်ကြောင်းရိုက်ထည့်၍လည်း ရှာဖွေနိုင်ခြင်း

• Lockscreen တွင် ဖွင့်ထားသောသီချင်း၏ lyrics များပေါ်နေခြင်း တို့ပဲဖြစ်ပါတယ်။

Premium Feature လည်းဝယ်ယူနိုင်ပြီး premium feature ကိုဝယ်ယူရင်တော့ အင်တာနက်(သို့) ဝိုင်ဖိုင် မလိုဘဲ lyrics တွေကိုရှာဖွေနိုင်ပါတယ်။ Ads တွေလည်းပေါ်လာမှာမဟုတ်ပါဘူး။ ကိုယ်ကြိုက်တဲ့အချိန် cancel လုပ်လို့ရပါတယ်။ Premium Feature ကတော့ iPhone အတွက်ပဲဖြစ်ပါတယ်။ ဝယ်ယူချင်ရင် တစ်လကို $0.99 ( မြန်မာငွေ ခန့်မှန်းခြေ – ၁၃၃၆.၅ ကျပ်)၊ တစ်နှစ်အတွက် (မြန်မာငွေ ခန့်မှန်းခြေ – 13486.5 ကျပ်) ဖြင့် itune account သုံးပြီး ဝယ်ယူနိုင်ပါတယ်။

Android, iOS နှစ်မျိုးစလုံးနဲ့ free အသုံးပြုနိုင်ပါတယ်။ iOS version 10.3 နှင့်အထက်နဲ့ Android version 4.0.3 နှင့်အထက်တွင် download လုပ်နိုင်ပါတယ်။

 

Image Source – Musixmatch Lyrics Finder

, ,

Leave a Reply

Your email address will not be published. Required fields are marked *