ဓာတ်ပုံတွေကို ခဲပုံကြမ်းပုံတွေအဖြစ် ပြောင်းလဲပေးမယ့် My Sketch

ဒီတစ်ခေါက်မှာတော့ ဓာတ်ပုံတွေကို တမူထူးခြားတဲ့ ခဲပုံကြမ်းအဖြစ် ဖန်တီးနိုင်မယ့် apk လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အသုံးပြုသူ ၁၁ သန်းကျော်ရှိနေပြီး အထဲမှာ ပါတဲ့ features တွေ အားလုံးကို အခမဲ့အသုံးပြုနိုင်တာကြောင့် အရမ်းကို အသုံးပြုရတာ တန်ပါတယ်။

ခဲပုံကြမ်းဒီဇိုင်းတွေဖန်တီးဖို့ Camera နဲ့ Photo Album ထဲက ဓာတ်ပုံတွေကို တိုက်ရိုက် ယူပြီး သုံးနိုင်ပါတယ်။ My sketch မှာ မတူညီတဲ့ ခဲပုံကြမ်း ဒီဇိုင်း အမျိုးပေါင်း ၂၀ ကိုရွေးချယ်နိုင်ပါတယ်။ Brightness ကိုလိုသလို ချိန်ညှိပေးနိုင်ပြီး အရောင်မှိန်အရောင်ဖျော့ စိတ်ကြိုက် ထည့်လို့ရပါတယ်။ ရုပ်ထွက်ကြည်လင်တဲ့ sketch ပုံတွေ ဖန်တီးပေးမှာဖြစ်လို့ save ပြီး print ထုတ်ရင်လည်း
အဆင်ပြေပါတယ်။ မူလ ဓာတ်ပုံရဲ့ အရည်အသွေးကို လုံးဝမကျဆင်းစေပဲ တူညီတဲ့ ခဲပုံကြမ်းဓာတ်ပုံကို ပြုလုပ်ပေးနိုင်လို့ ချစ်ခင်ရသူတွေရဲ့ ပုံလေးတွေကို sketch ပုံလေးတွေဖန်တီးပြီး လက်ဆောင်ပေးလို့လဲရပါတယ်။

Android, iOS နှစ်မျိုးစလုံးနဲ့ အသုံးပြုနိုင်ပါတယ်။ iOS အတွက် free ဖြစ်ပေမယ့် Android တွေအတွက်တော့ မြန်မာကျပ်ငွေ ၂၅၇၈ ကျပ်ပေးဝယ်ရမှာပါ။ Rating ပိုင်းကကြည့်ရင်တော့ App Store မှာ 4.6 ဖြစ်ပြီး၊ Play Store မှာ 3.7 အထိပဲရှိလို့ iOS fan တွေပိုများပါတယ်။ အားလုံးအတွက် အသုံးဝင်မယ့် apk လေးဖြစ်မယ်လို့ မျှော်လင့်ပါတယ်။

 

Image Source – My Sketch

, ,

Leave a Reply

Your email address will not be published. Required fields are marked *