Google Maps ထပ်မံပေါင်းဖြည့်လိုက်တဲ့ ဘာသာစကား ၃၉ မျိုးထဲမှာ မြန်မာစကားပါဝင်လာ

လွန်ခဲ့တဲ့ ၁၄နှစ်တုန်းက Google Maps မှာ အင်္ဂလိပ်ဘာသာစကားတစ်မျိုးတည်းကိုပဲ အသုံးပြုနိုင်ခဲ့ပါတယ်။ အခုအချိန်မှာတော့ Google Maps အသုံးပြုသူဦးရေဟာ တစ်သန်းကျော်ထိရှိလာပြီဖြစ်ပြီး တစ်နေ့တာလုပ်ငန်းဆောင်တာတွေဖြစ်တဲ့ လမ်းကြောင်းရှာဖွေမှုတွေ နေရာရှာဖွေမှုတွေအတွက် အများဆုံး အသုံးပြုကြပါတယ်။

အသုံးပြုသူအရေအတွက် များပြားလာတဲ့အတွက် မကြာသေးခင်ကပဲ Google Maps အတွက် ကမ္ဘာတစ်ဝှမ်း ခန့်မှန်းခြေ လူဦးရေ ၁.၂၅ ဘီလီယံ သုံးစွဲနေတဲ့ ဘာသာစကား ၃၉ မျိုးကို ထည့်ပေါင်းဖြည့်ပေးခဲ့ပြီး အသုံးပြုရတာပိုမိုအဆင်ပြေစေရန် ထောက်ပံ့ပေးခဲ့ပါတယ်။

ထပ်မံပေါင်းထည့်ထားတဲ့ ဘာသာစကားများဟာ non-English speakers အင်္ဂလိပ်ဘာသာစကားများကို အသုံးမပြုနိုင်တဲ့ နိုင်ငံက လူအများအတွက် ရည်ရွယ်ထားဖြစ်တဲ့အတွက် English ဘာသာစကားနဲ့ အကျွမ်းတဝင်ရှိတဲ့ နိုင်ငံတွေက ဘာသာစကားတွေ မဟုတ်ဘူးလို့သိရပါတယ်။ သူတို့တွေထဲမှာ မြန်မာစကားလည်းပါဝင်လာခဲ့ပါတယ်။

ထပ်ပေါင်းဖြည့်ဘာသာစကားတွေက –

1. Afrikaans
2. Albanian
3. Amharic
4. Armenian
5. Azerbaijani
6. Bosnian
7. Burmese
8. Croatian
9. Czech
10. Danish
11. Estonian
12. Filipino
13. Finnish
14. Georgian
15. Hebrew
16. Icelandic
17. Indonesian
18. Kazakh
19. Khmer
20. Kyrgyz
21. Lao
22. Latvian
23. Lithuanian
24. Macedonian
25. Malay
26. Mongolian
27. Norwegian
28. Persian
29. Romanian
30. Serbian
31. Slovak
32. Slovenian
33. Swahili
34. Swedish
35. Turkish
36. Ukrainian
37. Uzbek
38. Vietnamese
39. Zulu

အစရှိတဲ့ ဘာသာစကားတွေပဲဖြစ်ပါတယ်။

အထက်ပါ ဘာသာစကားများကို iOS, Android, Mac နဲ့ Windows OS တို့ က Google Maps အတွက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Google Maps app ဟာ ရောက်ရှိနေတဲ့ တည်နေရာကို ရှာဖွေခြင်း၊ သွားချင်တဲ့ နေရာများ ကို search မှာရိုက်ထည့် ရှာဖွေနိုင်ခြင်း စတာတွေအပြင်၊ အခြား တည်နေရာနဲ့ ပတ်သက်တဲ့ လုပ်ဆောင်ချက်တွေအတွက် အကောင်းဆုံးအသုံးပြုနိုင်တာကြောင့် လူအများအားထားရတဲ့ app တစ်ခုအဖြစ် တည်ရှိနေတာဖြစ်ပါတယ်။

 

Source 1, 2 Via

,

Leave a Reply

Your email address will not be published. Required fields are marked *