ကိုယ်အလေးချိန်လျှော့ချချင်သူတွေအတွက်ကွက်တိဖြစ်မယ့် MyFitnessPal

ဒီ app လေးကတော့ ကိုယ်အလေးချိန်ထိန်းလိုသူတွေ၊ အားကစားသမားတွေအတွက်မရှိမဖြစ်ဆောင်ထားသင့်တဲ့ app လေးပါပဲ။ သူကတော့ calorie တွက်တဲ့ပုံစံမျိုးလေးဖြစ်ပါတယ်။ တစ်နေ့တာကိုယ်စားတဲ့အရာတွေကို ထည့်ရေးပေးလိုက်ရင် အနီးစပ်ဆုံး calorie ကိုတွက်ပေးတဲ့အမိုက်စား app လေးပဲဖြစ်ပါတယ်။

ဒီ app ကိုစသုံးမယ်ဆိုရင်တော့ ကိုယ့်အသက်ရယ်၊ ကျား/မ ရယ်၊ တစ်နေ့စာကိုယ်လိုချင်တဲ့ calories goal ရယ်ကိုရေးပေးရပါတယ်။ ပြီးရင်တော့ တစ်နေကုန်စားသမျှကို ဖြည့်ပေးရင် သူက အနီးစပ်ဆုံး calorie ပမာဏကိုတွက်ပေးပြီး goal ရောက်ဖို့ဘယ်လောက်လိုသေးလဲဆိုတာပါ ပြောပြပေးပါတယ်။ သူ့မှာ weight gain နဲ့ weight loss option နှစ်ခုရှိပြီး weight တိုးချင်သူတွေကိုတော့ calorie မပြည့်မချင်း အစားစားဖို့သတိပေးခိုင်းလို့ရသလို weight ကျလိုသူတွေကိုလည်း calorie ပိုသွားတဲ့အခါ အားကစားလုပ်ဖို့သတိပေးခိုင်းလို့လည်းရပါတယ်။

ဒါတင်မက gym ဆော့တဲ့သူတွေအတွက်လည်း ကိုယ်ကစားတဲ့ကစားနည်းနာမည်နဲ့ ကြာချိန်ကိုရေးပေးရင် calorie ဘယ်လောက်ကျသွားလဲတွက်ပေးနိုင်သလို အားကစားသမားတွေအတွက်လည်း distance တွက်တာ၊ Step တွက်ပြီး calorie ရှာပေးတာ စတဲ့စနစ်လည်းပါတော့ အတော်အဆင်ပြေပါတယ်။

ဒါ့အပြင်သူက monthly record လည်းမှတ်လို့ရတာမို့တစ်လလုံး က Calorie အပြောင်းအလဲရော၊ Weight ရောတွက်လို့ရတာမို့ weight ထိန်းချင်တဲ့လူတွေအတွက်တော့ကွက်တိပါပဲ။ Google play မှာလည်း 4.6 ရထားပြီး download ဆွဲသူအရေအတွက်က သန်း ၆၀ ကျော်ရှိတာမို့ လူတွေကြားမှာရေပန်းစားတဲ့ app ဆိုတာလည်းပြောစရာလိုမှာမဟုတ်ပါဘူး။ Android နဲ့ iOS နှစ်မျိုးလုံးအတွက်ရရှိနိုင်ပေမယ့် google play ကမြန်မာနိုင်ငံအတွက် support မပေးထားတာကြောင့် android သမားတွေသုံးချင်ရင်တော့ တခြား store တွေကသွားဆွဲရမှာပါ။

Download link – Android/ iOS

, ,

Leave a Reply

Your email address will not be published. Required fields are marked *