Moto X4 version အသစ်ကိုဖြန့်ချီတော့မယ့် Motorola!

Motorola အနေနဲ့ အသစ်တစ်ဖန်ပြန်လည်ဖန်တီးထားတဲ့ Moto X4 ရဲ့ version ကိုတော့ ၂၀၁၈ ဖေဖော်ဝါရီ ၁ ရက်နေ့မှာဖြန့်ချီတော့မှာဖြစ်ပါတယ်။ ဒီအကြောင်းကိုတော့ Motorola India ကနေသိရှိရတာဖြစ်ပါတယ်။

Motorola India ရဲ့ Post နဲ့ Teaser Video ကိုကြည့်ခြင်းဖြင့် Motorola ဟာ Moto X4 version အသစ်အတွက် တိုးမြှင့်ထားတဲ့အရာတွေရှိမယ်ဆိုတာသေချာပါတယ်။ Upgrade လုပ်ထားတာတွေရှိနေပေမယ့် Teaser Video နဲ့ Post မှာတော့ တိတိကျကျ မဖော်ပြသွားပါဘူး။ ဒါဟာ ကျွန်တော်တို့ရဲ့စူးစမ်းလို စိတ်ကို နှိုးဆွလိုက်တယ်လို့ပဲဆိုရမှာပါ။

Screenshot of Motorola’s reply

အပေါ်က Screenshot ထဲမှာ Abhay technical ရဲ့ကွန်းမန့်ကို ပြန်လည်ဖြေထားတဲ့ Motorola India ရဲ့ reply ကိုအကဲခတ်ကြည့်ရင် Moto X4 Version အသစ်ကို 6GB RAM (သို့) Android One Edition နဲ့ရောက်ရှိလာမယ်လို့ခန့်မှန်းနိုင်မှာဖြစ်ပါတယ်။ Moto X4 ရဲ့လက်ရှိ version မှာတော့ 4GB RAM နဲ့ 3GB RAM နှစ်မျိုးသာထွက်ရှိထားတာပါ။ ဒီ reply ဟာအခြားသူတွေကိုဖြေထားတဲ့ reply နဲ့ကွဲပြားနေတာကြောင့် Highlight လုပ်ပြတာဖြစ်ပါတယ်။ RAM အပြင်တခြားဘာ upgrade တွေလုပ်ထားလဲဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ။

စျေးနှုန်းကိုတော့ ဖော်ပြထားခြင်းမရှိသေးပါဘူး။ မကြာခင်အချိန်အတွင်း မှာ Motorola ရဲ့ Social Media ကနေတဆင့် ဖော်ပြသွားမှာဖြစ်လို့ Stay Tuned လို့ပြောပါရစေ။

Motorola India

, ,

Leave a Reply

Your email address will not be published. Required fields are marked *