YouTube application မှာ Dark Theme အသစ်ပါဝင်လာပြီ

YouTube ကနေ ဗီဒီယိုတွေကို live stream ကြည့်ရှု့နိုင်ပြီး အလွယ်တကူ Download ဆွဲနိုင်တဲ့ YouTube application မှာ Dark Theme အသစ်ပါဝင်လာတဲ့အကြောင်းကိုတော့ ပြီးခဲ့တဲ့ရက်ကပဲ Team YouTube ဟာ twitter ကတဆင့် တရားဝင်ကြေညာခဲ့တာဖြစ်ပါတယ်။

Theme မပြောင်းမီ

 

Theme ပြောင်းပြီး

 

YouTube နဲ့ချိတ်ဆက်ထားတဲ့မိမိရဲ့ Profile ပုံလေးထဲက Setting ကနေ တဆင့်အလွယ်တကူအပြောင်းအလဲ လုပ်နိုင်မှာဖြစ်ပါတယ်။ ပြောင်းလဲမှုက ကြီးကြီးမားမားကြီးမဟုတ်ပေမယ့် ခံစားမှုပြောင်းလဲသွားတာကတော့တော်တော်သိသာပါတယ်။ လက်ရှိမှာတော့ ဒီ Dark Theme လေးဟာ iOS အတွက်သာထွက်ရှိသေးတာဖြစ်ပါတယ်။ Android အတွက် ပြောင်းလဲမှုကတော့ မကြာခင်ရောက်ရှိလာမှာဖြစ်တယ်လို့ဆိုထားပါတယ်။

YouTube app ဟာ YouTube အတွက် သီးသန့်ထုတ်လုပ်ထားတဲ့ app ဖြစ်တာကြောင့် Browser ကနေတဆင့် YouTube ကိုအသုံးပြုတာထက်စာရင် ပိုပြီးအဆင်ပြေပါတယ်။ အလွယ်တကူရှာဖွေပြီး မြန်မြန်ဆန်ဆန် Download ပြုလုပ်နိုင်တာကြောင့် YouTube ကိုအသုံးများသူတွေအတွက်တော့ မိုက်လှတဲ့ app တစ်ခုဖြစ်တယ်လို့ဆိုချင်ပါတယ်။

 

Download link – Android/ IOS

, ,

Leave a Reply

Your email address will not be published. Required fields are marked *