Europe မှာရောက်ရှိနေပြီဖြစ်တဲ့ Samsung Galaxy A5 (2017) update!

Samsung Galaxy A5 (2017) အတွက် update ကတော့ Europe မှာရောက်ရှိနေပြီဖြစ်ပါတယ်။ တိတိကျကျပြောရရင် Netherlands ပါ။ ဒီဇင်ဘာလတုန်းကလည်း Galaxy A5 (2017) နဲ့ A7 (2017) တို့ အတွက် system update တစ်ခုထွက်ရှိခဲ့ပါတယ်။ အဲ့ဒီ ဒီဇင်ဘာလ update တုန်းကတော့ ကင်မရာပိုင်းဆိုင်ရာ feature တွေအနည်းငယ်ပြောင်းလဲပြီး update လုပ်ထားတာကိုတွေ့ရမှာပါ။

အခု Netherlands မှာရောက်ရှိနေတဲ့ ဇန်နဝါရီ update အသစ်ကတော့ Android OS အဆင်ပြေစေဖို့ google က bug တွေကို ပြုပြင်ထားပေးတာဖြစ်ပါတယ်။ ပြီးတော့ Samsung ဖုန်းမှာဖြစ်တဲ့ Bug တွေကိုလည်း ပြင်ဆင်ပေးထားပါသေးတယ်။ အဲ့တော့ဒီတစ်ခါ update က Feature အသစ်တွေထက် Security ပိုင်းကိုပိုပြီးဉီးစားပေးထားတဲ့ update လို့ဆိုရမှာပါ။

This update is rather miniscule weighing in at 22MB and updating the firmware to version A520FXXU4BRA8.
Source :www.sammobile.com

ဒီ update ဖုန်းရဲ့ Memory ထဲက 22 MB လောက်ပဲနေရာယူမှာပါ။ Version ကတော့ A520FXXU4BRA8 ပါ။ အခုကတော့ Netherlands မှာပဲရောက်ရှိနေသေးပေမယ့်မကြာခင်အချိန်အတွင်းမှာ တခြားဒေသတွေကိုရောက်ရှိလာတော့မှာပဲဖြစ်ပါတယ်။ ဘယ်အချိန်ရောက်ရှိလာမလဲ မသိတာကြောင့် Galaxy A5 (2017) ဖုန်းပိုင်ရှင်တွေအနေနဲ့  မိမိဖုန်း update ရောက်လာ/မလာ ကို Setting ကနေ စောင့်ကြည့်နိုင်မှာပါ။ တစ်ခုခုအကြောင်းထူးရင်လည်း ကွန်းမန့် လေးဘာလေးနဲ့ အကြောင်းကြားဉီးပေါ့ဗျာ..

, ,

Leave a Reply

Your email address will not be published. Required fields are marked *