Oreo Update ထွက်ရှိနေပြီဖြစ်တဲ့ Nokia 6 နဲ့ Nokia 7!

Nokia 6 (2018) နဲ့ 7 ကိုစစချင်းဖြန့်ချီတုန်းကတော့ Android 7.1 Nougat နဲ့ပါ။ ဒါပေမယ့်ပြီးခဲ့တဲ့ရက်က Nokia Weibo post တစ်ခုကြောင့် Nokia 6 (2018) နဲ့ Nokia 7  အတွက် Android Oreo 8.0 ထွက်ရှိနေပြီဆိုတာသိရှိရတာပဲဖြစ်ပါတယ်။ Nokia အနေနဲ့ Oreo update ထွက်ရှိထားတာ အခုကပထမဉီးဆုံးမဟုတ်ပါဘူး။ လွန်ခဲ့တဲ့လ အနည်းငယ်တုန်းကလည်း Nokia 5 နဲ့ 6 အပါအဝင် Nokia ဖုန်းအချို့မှာ Oreo update ထွက်ရှိခဲ့တာဖြစ်ပါတယ်။

Speed ​​upgrade, more concise, more fluid, a new generation of background management mechanism, lower power consumption and more power saving; gesture operation, turn off the screen prompts, monthly security updates ~ Nokia 6 updates will also be coming soon, please be patient !
Source :m.weibo.cn

အပေါ်မှာဖော်ပြထားတာကတော့ Oreo update မှာမြှင့်တင်ထားတဲ့အရာအချို့ဖြစ်ပါတယ်။ Nokia 6 မှာထွက်ရှိခဲ့တဲ့ Oreo update က Beta အဆင့်သာရှိခဲ့တာပါ။ Nokia 6 အတွက် တကယ့် Oreo update ဟာတော့မကြာခင်မှာပဲရောက်ရှိလာတော့မှာဖြစ်ပါတယ်။

, ,

Leave a Reply

Your email address will not be published. Required fields are marked *