မျက်နှာပြင်အခုံး ဒီဇိုင်းနဲ့ နားကြပ်ပေါက် မပါဝင်တော့တဲ့ Nokia 8 Sirocco

HMD Global မှ အံ့သြဖို့ကောင်းတဲ့ ဒီဇိုင်း ပုံစံ ပြောင်းလဲချက်တွေနဲ့ ဖန်တီးထားတဲ့ Nokia 8 Sirocco ကို မကြာခင်မှာ စတင်ဖြန့်ချီတော့မှာဖြစ်ပါတယ်။ ထူးခြားပြီး သေသပ်တဲ့ ပုံစံကြောင့် လက်ရှိမှာ လူစိတ်ဝင်စားမှု များနေတဲ့ ဖုန်းတွေထဲကတစ်ခုဖြစ်နေပါတယ်။ အဲ့တာကြောင့် … သင်လည်း Nokia 8 Sirocco ကို ဝယ်ယူဖို့အတွက် စိတ်ကူးရှိနေတယ်ဆိုရင် အောက်မှာ ရေးထားတဲ့ အကြောင်းအရာတွေကို အရင် လေ့လာကြည့်ထားနိုင်ပါတယ်။

HMD က Nokia8 Sirocco ကိုယ်ထည်ရဲ့ ၉၅ ရာခိုင်နှုန်း ကို မှန်တွေနဲ့ ပြုလုပ်ဖို့ရွေးချယ်ခဲ့ပါတယ်။ ဖုန်းရဲ့ ပုံစံလေးကို ပြောပြရရင် ဘေးဘက် အနားနဲ့ ကျောဘက်ကို ပါးလွှာတဲ့ သံမဏိဘောင်တွေ အသုံးပြုထားပါတယ်။ ပုံစံလေးက ကျစ်လစ်တဲ့ ပြီး ဆွဲဆောင်မှုရှိတဲ့ပုံလေးပါ။ နောက်တစ်ခု ထူးခြားတာရှိပါသေးတယ်။ အဲ့တာကတော့ လက်ဗွေစနစ်အိုင်ဒီပါ။ လက်ဗွေစနစ်ကို အရှေ့ဘက်မှာ မထားပဲ ဖုန်းရဲ့နောက်ကျောဘက်မှာ ထားထားပါတယ်။ အခုနောက်ပိုင်း ရေးပန်းစားနေတဲ့ ဒီဇိုင်းလေးတွေလိုပဲ မျက်နှာပြင်ကို ခုံးခုံးလေးလုပ်ထားတဲ့အတွက် တော်တော်လှပါတယ်။

Qualcomm’s 835 processor ကိုသုံးထားပြီး RAM 6GB ရှိပါတယ်။ Storage က 128GB ထိဆန့်ပါတယ်။ မျက်နှာပြင်ရဲ့ အလယ်မှာ 5.5 – inch pOLED display (2560x 1440) အသုံးပြုထားတဲ့အတွက် ရုတ်တရက် ကြည့်လိုက်ရင်တောင်အရမ်းကိုကြည့်ကောင်းနေမှာဖြစ်ပါတယ်။ ဘတ်ထရီ capacity ကလည်း 3,260mAh ထက် နည်းနည်းတောင် ပိုပါတယ်။

ကင်မရာ နှစ်ခုပါရှိပြီး နောက်ဘက်ကင်မရာမှာ 12-megapixel , ရှေ့ဘက်မှာ 5-megapixel ရှိပါတယ်။ ရှေ့ကင်မရာမှာ Selfies အတွက် wide-angle (၈၄ ဒီဂရီ ) မှန်ဘီလူး ကိုသုံးထားတဲ့အတွက် ရုပ်ထွက်လေးတွေကတော့ အရမ်းကို မိုက်နေမှာပါ။

Nokia8 ရဲ့ ကင်မရာ စနစ်က သိပ်ပြီး အပျံစားကြီး မဟုတ်ပေမယ့် HMD က Nokia 8 Sirocco မှာတော့ ကင်မရာပိုင်း အဆင့်မြှင့်တင်မှုလေးတွေ လုပ်ထားပါတယ်။ အရင်က Nokia Lumia devices တွေနဲ့ ဆင်တဲ့ Pro Camera mode ကိုတွေ့ရမှာဖြစ်ပြီး ပုံရိပ်တိုင်းရဲ့ white balance, focusing, ISO, shutter speed နဲ့ exposure တစ်ခုချင်းစီကို စံချိန်ကိုက် ချိန်ညှိပေးနိုင်ပါတယ်။

HMD က မှန် device ကို ပြောင်းထုတ်လိုက်တာကြောင့် Nokia မှာ wireless အားသွင်းကြိုးပါ အသုံးပြုလို့ ရတော့မှာပါ။ ဒါ့အပြင် သီချင်းကို နားကြပ်နဲ့ နားထောင်ဖို့ earphones အပေါက်သပ်သပ်စီ မပါဝင်တော့တဲ့အတွက် USB-C (သို့) Bluetooth headphones နဲ့ အသုံးပြုပေးရမှာဖြစ်ပါတယ်။ အခုလာမယ့် April လမှာထွက်ရှိဖို့ စီစဉ်ထားပြီး ဈေးနှုန်းတွေကတော့ မြန်မာငွေနဲ့ဆိုရင် ၁၂သိန်း ဝန်းကျင်လောက် ကျသင့်မှာဖြစ်ပါတယ်။ ဒါလေးကတော့ official page မှာ တရားဝင်တင်ထားတဲ့ video လေးပါ။ကြည့်လို့အရမ်းကောင်းပါတယ်။ ကြည့်ကြည့်ပါ။

ပိုပြီး အသေးစိတ် လေ့လာချင်တယ်ဆိုရင်တော့ Nokia 8 Sirocco မှာဝင်ရောက်လေ့လာနိုင်ပါတယ်။

 

Source   Via 1, 2

,

Leave a Reply

Your email address will not be published. Required fields are marked *