လူသုံးအများဆုံး Android Version အဖြစ်သို့ရောက်ရှိလာတဲ့ Nougat!

လူသုံးအများဆုံး Android Version ဟာ Nougat ဖြစ်သွားသလို တစ်ချိန်တည်းမှာပဲ Oreo ကိုအသုံးပြုသူအတိုင်းအတာ ဟာလည်း 1 % ကျော်သွားပြီဖြစ်ပါတယ်။ ဒီသတင်းကိုတော့ Android Developer ဆီကသိရှိခဲ့ရတာပါ။ ဇန်နဝါရီလအစောပိုင်းတုန်းကတော့ Marshmallow ဟာလူသုံးအများဆုံးဖြစ်နေပြီး Oreo ကိုဒီနှစ်အတွင်းမှာ 1 % ပြည့်ပါ့မလားတောင်စိုးရိမ်ခဲ့ရတာပါ။ အခု ဖေဖော်ဝါရီလ အစပိုင်းမှာတော့ ရလဒ်အခြေအနေအားလုံးဟာ ပြောင်းပြန်တွေဖြစ်သွားပါပြီ။

အပေါ်က Google ဖော်ပြထားတဲ့ဇယားကိုကြည့်ရင် Oreo ဟာ 1.1 % အထိရောက်ရှိနေပြီး Nougat ဟာ 28.5 % နဲ့ 28.1 % Marshmallow ကိုကျော်တက်သွားတာကိုတွေ့ရမှာပါ။ ဖုန်းကုမ္ပဏီတွေကလည်း Android နောက်ဆုံး Version (Oreo) နဲ့ကိုက်ညီအောင် ကြိုးစားနေတာကြောင့် Oreo သာ Stable ဖြစ်တဲ့အဆင့်ထိရောက်ရှိရင် ရလဒ်ရာခိုင်နှုန်းကဒီထက်ကိုအများကြီး တိုးတက်လာဉီးမှာဖြစ်ပါတယ်။

Oreo stable မဖြစ်ခင်အထိတော့ လူသုံးအများဆုံးနေရာကို Nougat ကသာနေရာယူထားဉီးမှာတော့အသေအချာပါပဲ။ ကျွန်တော်တို့မြန်မာနိုင်ငံမှာတော့ တော်တော်များများဟာ Marshmallow ကိုနှစ်ခြိုက်စွာအသုံးပြုနေဆဲဖြစ်ပါတယ်။ နောက်တစ်ခါ Google ကကြေညာမယ့် Android Version ရလဒ်က ဘယ်လိုဖြစ်နေဉီးမလဲဆိုတာကတော့စိတ်ဝင်စားစရာပါပဲ။

, ,

Leave a Reply

Your email address will not be published. Required fields are marked *