Samsung Galaxy S9 နဲ့ S9+ တို့အတွက် Official teaser video တွေထွက်ရှိလာပြီ

Samsung ဟာ လွန်ခဲ့တဲ့နာရီအနည်းငယ်ကပဲ Galaxy S9 နဲ့ S9+ အတွက် ၁၅ စက္ကန့်သာကြာမြင့်တဲ့ Teaser video လေးတွေကို SamsungMobileKorea channel ကနေတဆင့် ချပြခဲ့တာဖြစ်ပါတယ်။ Teaser video ၃ ခုကိုဖန်တီးချပြခဲ့တာဖြစ်ပြီး Video တစ်ခုချင်းစီမှာ အဓိပ္ပါယ်လေးတွေကိုလည်း ထည့်သွင်းပေးထားတာဖြစ်ပါတယ်။ အဓိပ္ပါယ်လေးတွေကို စဉ်းစားဖို့ အောက်က Teaser video လေးတွေကိုအရင်ကြည့်ဖို့တော့လိုအပ်ပါလိမ့်မယ်။ ?

ပထမဉီးဆုံး teaser video ထဲမှာတော့ အပြေးသမားပြေးနေပုံ၊ ကျားသစ်ကြီးအားမာန်အပြည့်နဲ့ပြေးနေပုံ၊ ရိုလာကိုစတာကြီးအရှိုန်ပြင်းပြင်းနဲ့ကျဆင်းလာပုံ၊ လက်ဝှေ့သမားလျှင်လျှင်မြန်မြန်အားမာန်အပြည့်နဲ့လက်သီးထိုးနေပုံ အစရှိတာတွေကိုတွေ့မြင်ရမှာပါ။ ဒီအချက်တွေကတော့ Samsung Galaxy S9 ဟာဘယ်လောက်အထိလျှင်လျှင်မြန်မြန်ဆောင်ရွက်နိုင်လဲဆိုတာပေါ်လွင်အောင်ပြသထားတာဖြစ်ပါတယ်။ Snapdragon 845 chipset နဲ့ရောက်ရှိလာမှာကြောင့် ဒီအချက်ကတော့ သံသယထားစရာမလိုလောက်ပါဘူး။

ဒုတိယ teaser video မှာကတော့ ပတ်ဝန်းကျင်တစ်ခွင်လုံးမှောင်မည်းနေတဲ့ ညတာကြီးကိုဖော်ပြထားပါတယ်။ ဒါပေမယ့် video အဆုံးသတ်နားလေးမှာ “9” လေးပေါ်လာပြီး 9 အကွက်လေးမှာလင်းသွားတာကိုတွေ့ရမှာပါ။ ဆိုလိုတာကတော့ Galaxy S9 နဲ့ S9+ တို့ရဲ့ ကင်မရာအပိုင်းဟာ အမှောင်ထုထဲမှာလည်း အလင်းရောင်နဲ့ကြည်ကြည်လင်လင်ပြတ်ပြတ်သားသားအလုပ်လုပ်တယ်ပေါ့ဗျာ။

တတိယ နဲ့ နောက်ဆုံး teaser ကတော့ 3D emoji ကိုအသားပေးဖော်ပြထားတာပဲဖြစ်ပါတယ်။ 3D emoji ကိုတော့ video ရဲ့ နောက်ဆုံးနားလောက်မှာ “9” ပေါ်လာပြီး ကိုရီးယားကောင်လေး 3D ပုံကြီးဖြစ်သွားတာကိုကြည့်ပြီးသိရှိနိုင်မှာပါ။ ကျွန်တော်ထင်တာကတော့ S9 မှာပါဝင်မယ့် 3D emoji ဟာ iPhone X မှာပါဝင်တဲ့ animoji အလုပ်လုပ်ပုံနဲ့တူညီနေမှာပါ။

Samsung Galaxy S9 နဲ့ S9+ ကိုတော့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာကျင်းပမယ့် 2018 MWC မှာပြသသွားမှာဖြစ်ပြီး မတ်လ ထဲလောက်မှာဝယ်ယူနိုင်တော့မှာဖြစ်ပါတယ်။

 

Source

,

Leave a Reply

Your email address will not be published. Required fields are marked *