Water resistance ပိုင်းမှာလွန်ကဲစွာဖော်ပြထားမှုကြောင့် ပိတ်ပင်ခံလိုက်ရတဲ့ HTC ကြော်ငြာတစ်ခု

အိုလံပစ် ရေငုပ်သူ Tom Daley ပါဝင်အားဖြည့် သရုပ်ဆောင်ထားတဲ့ HTC ရဲ့ U11 အတွက်ကြေညာဟာဆိုရင် Water resistance ပိုင်းမှာလွန်ကဲစွာဖော်ပြထားမှုကြောင့် UK Advertising Standards Authority (ASA) ရဲ့ တားမြစ်ပိတ်ပင်မှုကိုခံလိုက်ရပြီပဲဖြစ်ပါတယ်။ ကြေညာထဲမှာတော့ Tom Daley ဟာ U11 နဲ့ Selfie ဆွဲရင်း ရေကူးကန်ထဲ Diving ထိုးပြီး Water Resistance ပိုင်းကိုသရုပ်ဖော်ထားတာဖြစ်ပါတယ်။

Diving ကို Selfie ဆွဲရင်း ပြကွက်အမျိုးမျိုးပြသွားတာနော်… (တော်ရုံစကေးနဲ့တော့မရဘူး ?) HTC U11 မှာ Water resistance (WR) အတွက် IP67 သာပါဝင်ပေမယ့် အခုလို WR အပိုင်းကိုလွန်လွန်ကဲကဲဖော်ပြနေတာကြောင့် ASA က တားမြစ်ပိတ်ပင်တာပဲဖြစ်ပါတယ်။ (IP67 ဟာ ရေမျက်နှာပြင်အောက် ၁ မီတာ (သို့) ၃.၃ ပေ အထိသာ ရေစိုခံနိုင်တာပါ။)

HTC အနေနဲ့ ASA တားမြစ်ပိတ်ပင်လိုက်တဲ့ကြေညာအတွက် အခုလို ပြန်လည်ခုခံခဲ့ပါတယ်။

“Daley ဟာ ဖုန်းကို ဉီးခေါင်းအပေါ်အထိရောက်အောင်ကိုင်ထားတာပါ။ ကြေညာထဲမှာ ရေထဲကျတဲ့အချိန်ကိုသေချာကြည့်ရင် ဖုန်းဟာ ဉီးခေါင်းပေါ် အမြင့်မှာရောက်နေတာဖြစ်ပါတယ်။ U11 ရဲ့ IP67 အတိုင်း ဖုန်းဟာ ရေမျက်နှာပြင်အောက် ၁ မီတာ နားမရောက်တရောက်မှာရှိနေပါတယ်။ ကျွန်တော်တို့ အနေနဲ့ အထင်လွဲမှားမှုဖြစ်စေခဲ့တဲ့အတွက် တောင်းပန်ပါတယ်” ဆိုပြီး ပြီးခဲ့တဲ့ ကြာသပတေးနေ့ကပြောကြားခဲ့တာဖြစ်ပါတယ်။

ASA ဟာ Ban လိုက်တာကြောင့် U11 ကြေညာလေးကို Facebook အပါအဝင် တခြား Social media တွေမှာပါ မြင်တွေ့ရတော့မှာမဟုတ်ပါဘူး။ (ပြန်တင်တဲ့လူတွေကြောင့်တော့ မြင်ရဉီးမှာဗျ၊) ဒီကြေညာ တားမြစ်ခံလိုက်ရတာ HTC အတွက် အများကြီးနစ်နာသွားမှာတော့မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ အဲ့ဒီကြေညာဟာ ပြီးခဲ့တဲ့ နှစ်လယ်လောက်က ထွက်ရှိခဲ့ပြီး U11 အတွက် ကောင်းကောင်းမွန်မွန်အကျိုးပြုပြီးပြီမလို့ပါပဲ။

လက်ရှိ HTC ရဲ့နောက်ဆုံးထွက်ရှိမယ့် စမတ်ဖုန်းကတော့ U12 ကိုကျော်ပြီး U12+ ဖြစ်မှာပါ။ ရောက်ရှိလာမယ့်အချိန်ကတော့ ဧပြီလ ကုန် (သို့) မေလ ထဲမှာပဲဖြစ်ပါတယ်။

 

Source Via

,

Leave a Reply

Your email address will not be published. Required fields are marked *