လာမယ့်၂၀၁၉ မေလမကုန်ခင်မှာ ပထမဉီးဆုံး 5G စမတ်ဖုန်းထုတ်လုပ်သွားဖို့ရှိနေတဲ့ OnePlus

Samsung, Huawei အစရှိတဲ့ကုမ္ပဏီတွေနဲ့ ယှဉ်ရင်တော့ OnePlus ဟာအရမ်းကြီးလှတဲ့ ကုမ္ပဏီတစ်ခုမဟုတ်ပေမယ့် သူလည်းနောက်ဆုံး Network ကွန်ရက် နည်းပညာကိုလိုက်ဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။ လာမယ့်နှစ်မှာ နည်းပညာကွန်ရက်အသစ်တစ်ခုဖြစ်တဲ့ 5G Network ကိုအမှီလိုက်ဖို့ 5G Network နဲ့ compatible ဖြစ်တဲ့ စမတ်ဖုန်းအမျိုးအစား Device တွေကို နောက်နှစ် ၂၀၁၉ ခုနှစ် မေလမကုန်ခင်အချိန်မှာ ထုတ်လုပ်သွားဖို့ရှိတယ်လို့သိရပါတယ်။

ဒီအကြောင်းကိုတော့ OnePlus CEO ဖြစ်သူ Pete Lau က CNET ကိုပြောကြားခဲ့တာဖြစ်ပြီး စမတ်ဖုန်းနဲ့ပတ်သက်တဲ့ စျေးနှုန်းနဲ့ ဘယ်လိုပုံစံထွက်ရှိလာမယ့်အကြောင်းကိုတော့ ဖွင့်ဟထားတာမျိုးမရှိသေးပါဘူး။ ဒါ့အပြင် Lau ဟာ သူတို့ရဲ့ ၂၀၁၉ မှာထွက်ရှိလာမယ့် 5G OnePlus ဖုန်းရောင်းအားကို ပထမဉီးဆုံးအကြိမ် 5G device ထုတ်လုပ်မှုဖြစ်တဲ့အတွက် အရမ်းကြီးမျှော်မှန်းထားတာမျိုးမရှိတဲ့အကြောင်းကိုလည်း ပြောကြားထားပါသေးတယ်။ OnePlus ဟာသူ့ရဲ့ 5G စမတ်ဖုန်း device ကို Europe မှာစတင်ထုတ်လုပ်သွားမှာဖြစ်ပြီး ထွက်ရှိမယ့်အချိန်ကတော့ Flagship ဖြစ်တဲ့ OnePlus 7 နဲ့အပြိုင် Series တစ်ခုအနေနဲ့ ထွက်ရှိလာနိုင်တယ်လို့မှန်းထားကြပါတယ်။ တချို့ကလည်း Series မခွဲတော့ပဲ 5G compatible စမတ်ဖုန်းဟာ OnePlus 7 ကိုယ်တိုင်ပဲဖြစ်နေမယ်လို့ ဆိုထားပြန်ပါတယ်။ ဒါကတော့ မသေချာသေးတဲ့အချက်ဖြစ်တဲ့အတွက် စောင့်ကြည့်ရဉီးမှာပါ။

5G ဟာလာမယ့်နှစ်တွေမှာ ခေတ်စားလာမယ့် Next-generation နည်းပညာကွန်ရက်တစ်ခုဖြစ်ပြီး လက်ရှိမှာလည်း စမတ်ဖုန်းကုမ္ပဏီတော်တော်များများကသူတို့ Device တွေကို 5G Network support ပေးနိုင်အောင်ကြိုးစားနေပြီဖြစ်ပါတယ်။ 5G support ပေးမယ့် device တွေက ပုံစံမှန် device တွေနဲ့ hardware development အပိုင်းကလွဲပြီး ကျန်တာတွေကတော့ ကွာဟမှုရှိနေမှာမဟုတ်ပါဘူး။

Via

,

Leave a Reply

Your email address will not be published. Required fields are marked *