မြောက်အမေရိကန်မှာ 5T Lava Red Edition ကိုတစ်လုံးမကျန်ရောင်းချနိုင်ခဲ့ပြီဖြစ်တဲ့ OnePlus!

OnePlus အနေနဲ့သူ့ရဲ့ 5T Lava Red Edition ကိုတော့ North America, Europe နဲ့ Asia-Pacific တို့မှာရှိတဲ့ နေရာဒေသတွေမှာအဓိကဖြန့်ချီခဲ့တာဖြစ်ပြီး North Ameria မှာတော့ တစ်လုံးမှမကျန်တဲ့အထိရောင်းချနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ ဒီအကြောင်းကိုတော့ OnePlus ကိုယ်တိုင်ကပဲ ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ တရားဝင် Google+ account ကနေကြေညာခဲ့တာဖြစ်ပါတယ်။

Screenshot of OnePlus announcement for 5T lava red edition

OnePlus ရဲ့တရားဝင်ရောင်းချရာ Website မှာလည်း  5T Lava red edition ဟာ “Out of stock” ဖြစ်နေတာကြောင့် ဒီသတင်းဟာ ၁၀၀ ရာခိုင်နှုန်းမှန်ကန်တယ်လို့ဆိုရမှာပါ။

Screenshot from OnePlus’s website

Europe နဲ့ Asia-Pacific ဒေသတွေမှာတော့ Lava Red edition ဟာဝယ်ယူလို့ရနေဆဲဖြစ်ပါတယ်။ တရုတ်စမတ်ဖုန်းကုမ္ပဏီက အမေရိကန်စမတ်ဖုန်းစျေးကွက်မှာ အားလုံးကုန်တဲ့အထိရောင်းချနိုင်ခဲ့တာကတော့ လေးစားစရာပါပဲ။ ဂုဏ်ယူပါတယ် တရုတ်ကြီး OnePlus ရေ!!! 😁

,

Leave a Reply

Your email address will not be published. Required fields are marked *