Nightscape အပါအဝင် OnePlus 6 ဆီကို ရောက်ရှိလာမယ့် OnePlus 6T feature များ

နောက်ဆုံးထွက် OnePlus model (OnePlus 6T) မှာ ထည့်သွင်းပေးထားတဲ့ feature တွေကို OnePlus 6 ပေါ်မှာလည်း အသုံးပြုနိုင်အောင် ပြုလုပ်ပေးမယ်လို့ ကုမ္ပဏီဘက်က တရားဝင် ကြေညာလိုက်ပါပြီ။

အဆိုပါ feature တွေကို အခု download လုပ်လို့ ရနေပြီဖြစ်တဲ့ Open Beta6 update မှာ ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့တာကြောင့် OnePlus 6 ပိုင် ရှင် များ အနေနဲ့ မိမိတို့ရဲ့OnePlus 6 ဖုန်းတွေမှာ OnePlus 6T feature တွေကို အသုံးပြုနိုင်ဖို့ အခုပဲ Open Beta 6 update ကို ပြုလုပ်ပေးကြပါနော်။

ပါဝင်ထည့်သွင်းထားတဲ့ feature တွေထဲမှာ Nightscape လည်း ပါဝင်ပါတယ်။ Nightscape feature ဟာဆိုရင် အလင်းရောင် မှိန်တဲ့ နေရာတွေမှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေအတွက် ပိုကောင်းတဲ့ ဓာတ်ပုံအဖြစ် ဖန်တီးပေးမယ့် software တစ်ခုဖြစ်ပါတယ်။ Open Beta 6 update ထဲမှာ Studio Lighting လည်း ပါဝင်လာမှာဖြစ်ပြီး သူက selfie ဓာတ်ပုံတွေအတွက် Apple ရဲ့ Portrait lightning feature နဲ့ တူတဲ့ professional lighting technique ကို ထုတ်လုပ်ပေးနိုင်တယ်လို့ သိရပါတယ်။

OnePlus 6 အတွက် Open Beta 6 update မှာ တွေ့ရှိရတဲ့ အခြား ပြောင်းလဲချက် တွေကတော့ navigation gesture အသစ်များ၊ အဆင့်မြှင့်ထားတဲ့ UI ၊ screenshot အဆင့်မြှင့်တင်ချက်များ နှင့် နိုဝင်ဘာလ ရဲ့ Android security update တို့ ဖြစ်ပါတယ်။

ဒါ့အပြင် သူ့ဆီမှာ Google Quick Search အတွက် ဒီဇိုင်း အသစ်ကိုပါ ထည့်သွင်းထားမှာဖြစ်ပြီး Gallery app အတွက် magnification အသစ်နဲ့ zooming gesture အသစ်ပါ ထည့်ပေါင်း ပေးမယ်လို့ သိရပါတယ်။ OnePlus မှ ကြေညာထားတဲ့အတိုင်း Open Beta6 update ဟာstable version မဟုတ်ပါဘူး ။ Beta version အဆင့်သာရှိပါသေးတယ်။ အဲ့တာကြောင့် ပါဝင်လာမယ့် bugs အချို့အတွက် ပြင်ဆင်ထားဖို့တော့ လိုအပ်ပါတယ်နော်။

အကယ်၍သင်က Open Beta ကို နောက်ဆုံး update ပြုလုပ်ထားတယ်ဆိုရင်တော့ Open Beta 6 ကို OTA update အနေနဲ့ ရရှိမှာဖြစ်ပါတယ်။
အကယ်၍သင်က Open Beta update ကို သင့်ရဲ့ OnePlus phone အတွက် အသုံးပြုချင်တယ်ဆိုရင် ဒီ link လေးထဲကို ဝင်ပြီး လိုက်နာရမယ့် လုပ်ဆောင်ချက်လေးတွေကို ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါတယ်။

Source – https://www.phonearena.com

Leave a Reply

Your email address will not be published. Required fields are marked *