OnePlus 6 အတွက် Official Teaser video ထွက်ရှိလာပြီ

OnePlus 6 အတွက် Official Teaser video လေးဟာတော့ မနေ့ကပဲထွက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ၄ စက္ကန့်သာကြာမြှင့်ပြီး OnePlus ရဲ့အသွင်အပြင်ကိုတော့ ဖော်ပြထားခြင်းမရှိဘဲ “The Speed You Need” ကိုသာထင်းနေအောင်ဖော်ပြထားပါတယ်။

OnePlus ရဲ့နောက်ဆုံး Flagship တစ်ခုဖြစ်တဲ့ OnePlus 6 မှာ Qualcomm ရဲ့ Snapdragon 845 chipset အသုံးပြုသွားမှာဖြစ်တယ်လို့ OnePlus CEO ဖြစ်သူ Pete Lau ဟာ Cnet မှာပြောကြားထားခဲ့ဖူးပါတယ်။ အဲ့တော့ OnePlus 6 Teaser video လေးမှာပြသွားတဲ့ “The Speed You Need” ဟာ Chipset နဲ့ပတ်သက်ပြီး ဖုန်းရဲ့လုပ်ဆောင်မှုမြန်ဆန်နေတာကို ရည်ညွှန်းနေတယ်လို့ပဲဆိုရမှာပါ။

ဒါ့အပြင် OnePlus 6 ရဲ့ မျက်နှာပြင်မှာ Notch ပါဝင်လာမယ်ဆိုတဲ့သတင်းတွေလည်းထွက်ရှိနေပါတယ်။ လက်ရှိအနီးစပ်ဆုံးပြောရရင် iPhone X မျက်နှာပြင်မှာပါဝင်ခဲ့တဲ့ Notch လိုမျိုးပါ။ ဒါပေမယ့် iPhone X notch လောက်တော့မကြီးဘူးဗျ။ Notch ပါဝင်မှုနဲ့ပတ်သက်ပြီး OnePlus ဟာတော့ စမတ်ဖုန်းအသုံးပြုသူတွေဆီက တုံ့ပြန်မှုကောင်းကောင်းတော့မရရှိခဲ့ပါဘူး။ OnePlus 6 အတွက်လက်တလောမှာ ဒီ Rumor ၂ ခုပဲထွက်ရှိပါသေးတယ်။ (ကျွန်တော်ကြားမိသလောက် 😆)

ထွက်ရှိမယ့်ရက်ကိုတော့ တရားဝင်ကြေညာထားခြင်းမရှိသေးပေမယ့် မေလ (သို့) ဇွန်လ လောက်မှာဖြစ်မယ်လို့ ခန့်မှန်းထားလို့ရပါတယ်။ OnePlus ကတော့ ဘယ်လိုမေးမေးပြောမယ့်ပုံမပေါ်ဘူးဗျ။ ကြားထဲမှာထွက်ရှိလာဉီးမယ့် OnePlus 6 အတွက်သတင်းတွေကိုစိတ်ဝင်စားတယ်ဆိုရင်တော့ Asiaapps ကိုမေ့လို့တော့မဖြစ်ဘူးနော်… 🤣)

, ,

Leave a Reply

Your email address will not be published. Required fields are marked *