OnePlus 6 ရဲ့ပုံရိပ်တွေတရားဝင်ထွက်ရှိလာပြီနော် 

OnePlus 6 ရဲ့ ပုံရိပ်တွေကတော့ Facebook, Twitter အစရှိတဲ့ social media တွေမှာမနေ့ကပဲ ပြန့်လို့နေပြီဖြစ်ပါတယ်။ OnePlus ကိုယ်တိုင်က ချပြထားတာဖြစ်တာကြောင့် ဖုန်းရဲ့အသွင်အပြင်မှန်ကန်မှုအပိုင်းကတော့ ၁၀၀ ရာခိုင်နှုန်းပါပဲ။ OnePlus 6 ရဲ့ Teaser ပုံရိပ်ကမနေ့ကမှထွက်ရှိလာခဲ့ပေမယ့် Teaser ဗီဒီယို “The Speed You Need” ကတော့ လအစပိုင်းလောက်ကတည်းကထွက်ရှိနေတာဖြစ်ပါတယ်။

Teaser ပုံလေးမှာတော့ ဖုန်းကိုရုပ်လုံးပေါ်အောင် သေချာမပြထားပေမယ့် အရွယ်အစားက OnePlus 5T ထက်ကြီးနေတာကတော့ အသေအချာပါပဲ။ ဖုန်းရဲ့အနောက်ဘက်မှာ Finger Print system ကိုမြင်တွေ့ရမှာဖြစ်လို အနောက်ကင်မရာကလည်း Dual ကင်မရာဖြစ်နေတာကိုတွေ့ရမှာပါ။ ပုံအရ ဖုန်းရဲ့ Spec ကိုကြည့်မယ်ဆိုရင်တော့ ဒီလောက်ပါပဲ။ ?)

OnePlus 6 ကို မေလ ၅ ရက်နေ့မှာ မိတ်ဆက်သွားမှာဖြစ်တယ်လို့  မီဒီယာတော်တော်များများကိ ခန့်မှန်းထားကြပေမယ့် OnePlus ကတော့ အခုထိအတည်မပြုသေးပါဘူး။ OnePlus ဟာ Avengers: Infinity War အတွက် OnePlus 6 ကို Infinity War Limited Edition ထုတ်လုပ်ဖို့ အစီအစဉ်ကလည်းရှိနေသေးတာကြောင့် စိတ်ဝင်စားဖို့တော့တော်တော်ကောင်းနေပါပြီ။

,

Leave a Reply

Your email address will not be published. Required fields are marked *