OnePlus 6T ကြော်ငြာရဲ့ လွဲမှားမှုကို user တွေရိပ်မိပြီးဝေဖန်မှုတွေရှိနေ 

OnePlus ဟာပြီးခဲ့တဲ့ နိုဝင်ဘာလအကုန်နားလောက်မှာ သူ့ရဲ့ OnePlus 6T အတွက်ကြော်ငြာဗီဒီယိုတစ်ခုဖန်တီးထုတ်လုပ်ခဲ့တာဖြစ်ပြီး အဲ့ဒီကြော်ငြာဗီဒီယိုမှာပါဝင်တဲ့ ကြီးမားတဲ့အမှားတစ်ခုကို user တွေရိပ်မိသွားတာကြောင့် ဝေဖန်မှုခံနေရတာပဲဖြစ်ပါတယ်။ အမှားကိုမပြောခင် ပထမဉီးဆုံး OnePlus 6T ကြော်ငြာဗီဒီယိုကိုကြည့်စေချင်ပါတယ်။

ကြော်ငြာမှာဆိုရင် အိပ်ယာနောက်ကျတဲ့အခန်း၊ ညရှု့ခင်းကို Night scope အသုံးပြုပြီးရိုက်တဲ့အခန်း၊ မင်္ဂလာဆောင်မှာ ဖုန်းကို underdisplay finger print နဲ့ဖွင့်တဲ့အခန်း နဲ့ နောက်ဆုံး Fortnite ဂိမ်းကစားတဲ့အခန်း ဆိုပြီးအပိုင်းလေးတွေအများကြီးပါဝင်နေတာဖြစ်ပါတယ်။ ပြဿနာကတော့ Fortnite ကစားတဲ့အခန်းမှာ အမှားကပါလာတာပဲဖြစ်ပါတယ်။

ဗီဒီယိုရဲ့ ၄၄ စက္ကန့်မြောက်မှာ ဖုန်းရဲ့ Bazel ဟာအရှင်းကြီး သေးသွားပြီး ၄၈ စက္ကန့်မြောက်မှာတော့ ဖုန်းရဲ့ Bazel ပြန်လည်းပါဝင်လာတာပဲဖြစ်ပါတယ်။ ဒီအမှားက OnePlus လိုစမတ်ဖုန်းကုမ္ပဏီတွေအနေနဲ့ သုံးစွဲသူတွေဟာ Bazel less display ဖုန်းတွေကို ကြိုက်နှစ်သက်နေတာယုံကြည်နေတယ်လို့ သက်သေပြလိုက်သလို ဖုန်းကို ကြော်ငြာထဲမှာထက် အပြင်မှာလက်တွေ့မြင်ပြီးမှဝယ်ဖို့ကိုလည်း တိုက်တွန်းလိုက်သလိုပါပဲ။

လက်ရှိ OnePlus 6T ad ရဲ့အလွဲလေးဟာ Samsung မှားတာမျိုးနဲ့ ယှဉ်ရင်တော့အများကြီးကိုလက်ခံလို့ရပါသေးတယ်။ ဒါပေမယ့် user တွေတော်တော်များများကတော့ ဒီအချက်ကိုဝေဖန်နေဆဲပဲဖြစ်ပါတယ်။

Source 1, 2

,

Leave a Reply

Your email address will not be published. Required fields are marked *