Twitter မှာ OnePlus ဖော်ပြထားတဲ့ “Incoming: Top Secret Message” ဆိုတာ သူ့ရဲ့ နောက်လာမယ့် Flagship OnePlus 6T အတွက်များဖြစ်နေမလား…
Incoming: Top Secret Message… pic.twitter.com/84d9ymNBQW
— OnePlus (@oneplus) September 10, 2018
OnePlus ရဲ့ လာမယ့် Flagship OnePlus 6T မှာ ဖုန်းရဲ့မျက်နှာပြင်အောက်မှာ Unlock လုပ်နိုင်တဲ့ sensor လေးထည့်သွင်းပေးထားမယ့် In-screen fingerprint နည်းပညာပါဝင်လာမယ်ဆိုတဲ့အကြောင်းကိုတော့ ပြီးခဲ့တဲ့ရက်ကထွက်ရှိခဲ့တဲ့ cNET ကြေညာချက်အရသိရှိရပါတယ်။ In-screen fingerprint sensor နည်းပညာကတော့ Vivo နဲ့ U.S အခြေစိုက် Sensor Maker ဖြစ်တဲ့ Synaptics တို့ရဲ့ပူးပေါင်းမှုကနေစတင်လာတာဖြစ်ပြီး အဲ့ဒီနည်းပညာကတော့ လက်ရှိမှာ Vivo V11, Vivo X20 Plus UD, Vivo X21, Vivo Nex နဲ့ Huawei Mate RS (Porsche ဒီဇိုင်း) တို့မှာအသုံးပြုလို့ရနေပြီပဲဖြစ်ပါတယ်။
အခုလို OnePlus 6T မှာ in-display fingerprint sensor ပါဝင်မှုနဲ့ပတ်သက်ပြီး OnePlus က
“ကျွန်တော်တို့ဟာ တစ်နေ့ကိုတစ်ကြိမ်ထက်ပိုတဲ့အရေအတွက်နဲ့ ကျွန်တော်တို့ဖုန်းတွေကို အသုံးပြုဖို့ Unlock လုပ်ကြရပါတယ်။ ဒီ Screen Unlock Feature ကတော့ အဲ့လို unlock လုပ်ဆောင်မှုကိုပြီးမြောက်စေဖို့ Step အရေအတွက်လျှော့သွားပေးမှာပါ။ ဒါ့အပြင် ဒီ Feature မှာ Face Unlock လိုမျိုး တခြား display unlocking options ကိုပါထည့်သွင်းပေးသွားဉီးမှာဖြစ်တာကြောင့် User တွေအနေနဲ့ အချိန်ကုန်သက်သာသွားမှာလည်းဖြစ်တယ်။”
လို့ cNET ကိုပြောကြားထားကြောင်းသိရှိရပါတယ်။
OnePlus အနေနဲ့ In-display fingerprint sensor ကို အရင်ကထွက်ရှိခဲ့တဲ့ OnePlus 5T မှာကတည်းက ထည့်သွင်းသွားချင်ပေမယ့် နည်းပညာက Device နဲ့ကိုက်ညီမှုအနည်းငယ်လိုအပ်နေတာကြောင့် မထည့်သွင်းဖြစ်ခဲ့တာဖြစ်ပါတယ်။ ဆိုတော့ In-screen fingerprint နည်းပညာဟာ OnePlus 6T ကျမှပထမဉီးဆုံးပါဝင်လာတဲ့ OnePlus ရဲ့ခြေလှမ်းအစပါပဲ။ ပွဲဉီးထွက်အနေအထားမှာ ဘယ်လိုရလဒ်တွေရရှိမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါ။
OnePlus 6T မှာတော့ Triple Rear Camera ပါဝင်မှာဖြစ်ပြီး စျေးနှုန်းကတော့ U.S $550 ဖြစ်နေမယ်လို့သိရပါတယ်။ ထွက်ရှိမယ့်ရက်ကတော့လာမယ့် အောက်တိုဘာလ ထဲမှာပဲဖြစ်ပါတယ်။ In-display fingerprint ဖြစ်သွားတဲ့အတွက် ဒီဇိုင်းပိုင်းကတော့ OnePlus 6 နဲ့အနည်းငယ်ကွာဟနေမှာတော့ အမှန်ပါပဲ။ ကျန်တဲ့ Specification အပိုင်းနဲ့ display မှာ ဘယ်လို ဒီဇိုင်းအနေအထား notch နဲ့ပါဝင်လာဉီးမလဲဆိုတာကတော့ အချိန်တစ်ခုအထိစောင့်ကြည့်ရဉီးမှာပဲဖြစ်ပါတယ်။
Source: cNET