OnePlus 6 နဲ့ရိုက်ကူးထားတဲ့ အလှပုံရိပ်တွေကိုချပြလိုက်တဲ့ OnePlus CEO

OnePlus 6 ဆိုတာကတော့ မထွက်ရှိသေးပေမယ့် အခုတလော Hit ဖြစ်တဲ့ စမတ်ဖုန်းမော်ဒယ်တစ်ခုပါ။ လအစပိုင်းမှာ Qualcomm ရဲ့ Chipset ကိုကိုယ်စားပြုထားတဲ့ “The Speed You Need” ဆိုတဲ့ Teaser ဗီဒီယိုထွက်ရှိခဲ့ပြီး လအလယ်ပိုင်းလောက်မှာမှ ဖုန်းရဲ့ရုပ်လုံးတစ်ခုလုံးကို ချပြခဲ့တာဖြစ်ပါတယ်။ Teaser ဗီဒီယိုနဲ့ ဖုန်းရဲ့ရုပ်လုံးလေးကတော့ မဆိုးလှတဲ့အနေအထားပါ။

ရုပ်လုံးနဲ့ Teaser ဗီဒီယိုအပြင် ပြီးခဲ့တဲ့ ဧပြီ ၁၆ ရက်နေ့မှာ OnePlus CEO Pete Lau (刘作虎) ဆိုသူဟာ OnePlus 6 ရဲ့ကင်မရာပိုင်းဆိုင်ရာ အရည်အသွေးကိုထပ်မံချပြလိုက်ပြီပဲဖြစ်ပါတယ်။ Stanford, California နားမှာရှိနေတဲ့ အဆောက်အဉီးတွေ၊ ပန်းခြံတွေကို OnePlus 6 နဲ့ အလှပုံရိပ်အဖြစ်ရိုက်ကူးပြီး Weibo Network မှာချပြလိုက်တာပါ။ Pete Lau ရိုက်ကူးတင်ပြခဲ့တဲ့ အလှပုံရိပ်တွေကတော့ –

 

 

 

 

 

ပုံတွေအားလုံးနီးပါးမှာ Noise တွေရှင်းနေပြီး ကြည့်လို့တော်တော်ကောင်းလှပါပြီ။ ကြည့်ရတာ OnePlus 6 ရဲ့ အနောက် Dual ကင်မရာ (16MP+20MP) က ကောင်းကောင်း အလုပ်လုပ်နေပြီနဲ့တူပါတယ်။ RAM 6GB (သို့) RAM 8GB Version နှစ်မျိုးထွက်ရှိလာမှာပါ။ 19:9 display ရှိနေပြီးအတူဖုန်းမျက်နှာပြင်အပေါ်ဘက်မှာ Notch သေးသေးပါဝင်မှာဖြစ်တယ်လို့လဲသိရပါတယ်။ ဖုန်းထွက်ရှိလာမယ့်အချိန်ကတော့ မေလဆန်းလောက်မှာဖြစ်မယ်လို့ သတင်းတွေထွက်ရှိနေပါတယ်။ စျေးနှုန်းကတော့ Storage အပေါ်လိုက်ပြီးပြောင်းလဲသွားမှာပါ။ မြန်မာငွေ ၉ သိန်းကျော်လောက်ဖြစ်မယ်လို့တော့ ခန့်မှန်းရတာပဲဗျ။

OnePlus 6 အတွက်လက်ရှိ ကျွန်တော်ရင်အခုန်ဆုံးကတော့ Avengers: Infinity War limited edition လို့ပဲပြောပါရစေ။ ?)

 

Source Via

,

Leave a Reply

Your email address will not be published. Required fields are marked *