မြောက်အမေရိကန်မှာ တရားဝင်ရောင်းချမှုကိုရပ်တန့်လိုက်ပြီဖြစ်တဲ့ OnePlus 5T

Oneplus ဟာသူ့ရဲ့နောက်ဆုံးထွက် Flagship စမတ်ဖုန်းအမျိုးအစားဖြစ်တဲ့ 5T ကို မြောက်အမေရိကန်မှာတရားဝင်ရောင်းချခြင်းကိုရပ်တန့်လိုက်ပြီဖြစ်ပါတယ်။ 5T ဟာ ပြီးခဲ့တဲ့ ၂၀၁၇ နိုဝင်ဘာလကထွက်ရှိခဲ့ပြီး မြောက်အမေရိကန်ကိုစတင် တင်သွင်းရောင်းချခဲ့တာပါ။ Edition တစ်မျိုးပြီးတစ်မျိုးနဲ့ မိတ်ဆက်ရောင်းချခဲ့ပြီး အခု ၂၀၁၈ မတ်လမှာ ရောင်းချမှုရပ်တန့်လိုက်ပြီဆိုတော့ 5T ဟာ U.S စျေးကွက်မှာ ၄ လကျော်လောက်ပဲရပ်တည်ခဲ့တယ်လို့ဆိုရမှာပါ။ အမြတ်မကျန်လို့ မရောင်းချတော့တာလို့တော့မမြင်မိဘူးဗျ၊ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့ OnePlus 5T Lava Red Edition ထွက်ရှိတုန်းကတောင်မြောက်အမေရိကန်မှာပထမဉီးဆုံးကုန်အောင် ရောင်းချနိုင်ခဲ့လိုပါ။ စျေးကွက်ကြားထဲမှာ ပြဿနာတစ်ခုခုရှိလို့ လို့ပဲယူဆပါတယ်။

မြောက်အမေရိကန်မှာ ရောင်းချမှုကိုရပ်တန့်လိုက်တာကြောင့် U.S မှာရှိတဲ့ OnePlus Fan တွေအနေနဲ့ 5T ကိုတော့ဝယ်ယူနိုင်တော့မှာမဟုတ်ပါဘူး။ အခုအချိန်မှာ U.S က OnePlus Fan တွေအနေနဲ့ OnePlus နောက်ဆုံး Flagship ကိုအသုံးပြုချင်တယ်ဆိုရင်တော့ ဇွန်လ လယ်လောက်မှာထွက်ရှိမယ့် OnePlus 6 ကိုသာစောင့်ဆိုင်းရတော့မှာဖြစ်ပါတယ်။

 

Via

, ,

Leave a Reply

Your email address will not be published. Required fields are marked *