Android Oreo version ကိုအသုံးပြုနေတဲ့ဖုန်း ၁ ရာခိုင်နှုန်းတောင်မရှိသေး!

Oreo ဆိုတာကတော့ Android ဖုန်းတွေအတွက်နောက်ဆုံးထွက်ရှိထားတဲ့ version တစ်ခုဖြစ်ပါတယ်။ အဲ့ဒီနောက်ဆုံးထွက်ထားတဲ့ version ကိုအသုံးပြုနေတဲ့ android user ၁ ရာခိုင်နှုန်းတောင်မပြည့်သေးပါဘူး။ Android Oreo ထွက်ရှိထားတာကတော့ လွန်ခဲ့တဲ့ ၂၀၁၇ သြဂုတ်လ ကဖြစ်တာကြောင့် အချိန်အားဖြင့်ကြည့်ရင်လည်း အနည်းငယ်ကြာနေပါပြီ။ ကြေကွဲစရာသတင်းတစ်ခုလို့ဆိုရမှာပါ။

 

အပေါ်မှာဖော်ပြထားတဲ့ ဇယားကိုကြည့်ရင် ၂၀၁၆ မေလ တုန်းကထွက်ရှိထားတဲ့ Marshmallow ဟာ အသုံးပြုသူအများဆုံး version တစ်ခုဖြစ်နေဆဲ ကိုတွေ့ရမှာပါ။ ပြီးခဲ့တဲ့ ၂၀၁၇ ဒီဇင်ဘာတုန်းကဆိုရင် Marshmallow ကိုအသုံးပြုသူဟာ ၂၉.၇ ရာခိုင်နှုန်း အထိရှိခဲ့တာပါ။ Oreo ဟာသူ့ရဲ့အရင် Version တွေဖြစ်တဲ့ Nougat, Marshmallow, Lollipop အစရှိတာတွေတစ်ခုမှကိုကျော်တက်ခြင်းမရှိသေးပါဘူး။ Gingerbread နဲ့ Ice Cream လောက်ကိုသာကျော်တက်နိုင်သာဖြစ်ပါတယ်။

ဘယ်လောက်ပဲနောက်ဆုံး version update ထွက်ထွက် အသုံးပြုသူတွေဟာကိုယ့်ဖုန်းနဲ့ မကိုက်ညီရင်အသုံးမပြုကြပါဘူး။ အဲ့တော့ Google အနေနဲ့ ပိုပြီးကောင်းအောင်ခြေလှမ်းတွေအများကြီးလှမ်းပြီး update မလုပ်ခင် user တွေသုံးရတာအဆင်ပြေအောင်ဉီးဆုံးလုပ်ဆောင်သင့်တယ်လို့မြင်မိပါတယ်။ Google အနေနဲ့ ဒီရလဒ်တွေအပေါ်မှာဘာဆက်လုပ်မလဲဆိုတာကတော့ ကျွန်တော်တို့အနေနဲ့စိတ်ဝင်တစား စောင့်ကြည့်ရတော့မှာပဲဖြစ်ပါတယ်။

 

Source 

, ,

Leave a Reply

Your email address will not be published. Required fields are marked *