iOS အတွက် Transmit File Manager ရောင်းချမှုကို မကြာခင်မှာ ရပ်တန့်တော့မယ်လို့ဆိုလာတဲ့ Panic

MacOS နဲ့ iOS အတွက် အသုံးပြုနိုင်တဲ့ applications တွေထုတ်လုပ်ပေးနေတဲ့ software ကုမ္ပဏီ Panic ဟာ ဝင်ငွေမလုံလောက်မှုကြောင့် မကြာခင်မှာ iOS အတွက် Transmit Application ရောင်းချမှုကို ရပ်နားတော့မယ်လို့ဆိုလာပါတယ်။ ဒါပေမယ့် Mac အတွက် Transmit5, Coda iOS နဲ့ Prompt iOS တို့တော့ ဆက်ပြီး တည်ရှိနေဦးမှာဖြစ်ပါတယ်။

Transmit iOS ကို ၂၀၁၄ ခုနှစ်မှာထုတ်လုပ်ခဲ့ပြီး file များအား share ခြင်း၊ download လုပ်ခြင်း၊ upload လုပ်ခြင်း စတဲ့  လုပ်ဆောင်ချက်များကို လွယ်ကူစွာ ဆောင်ရွက်နိုင်ပါတယ်။ စွမ်းဆောင်ရည်မြင့်မားတဲ့ ပရိုဂရမ်မျိုးစုံနဲ့ iOS ဖိုင်တွေကို အကောင်းဆုံး စီမံခန့်ခွဲနိုင်တဲ့ application ဖြစ်လို့ လိုအပ်တဲ့ သူတွေအတွက် အရမ်းအသုံးဝင်ပါတယ်။ ဒါပေမယ့် Transmit ကိုကြိုက်နှစ်သက်တဲ့ အသုံးပြုသူ မလုံလောက်ခဲ့ပါဘူး။ ၂၀၁၇ မှာရရှိခဲ့တဲ့ Transmit application ရဲ့ ဝင်ငွေဟာ App developer တွေရဲ့ အလုပ်ချိန် တစ်ဝက်အတွက်တောင် မကာမိဘူးလို့ ပြောထားပါတယ်။ အရှုံးပေါ်နေတဲ့ application တစ်ခုဖြစ်လို့ ခုလိုဆုံးဖြတ်လိုက်တယ်လို့ထင်ပါတယ်

We will soon remove Transmit iOS from sale. This is your last chance to purchase it — if you think it’ll be useful for you. It does a lot of useful things, even if it won’t be updated in the foreseeable future.
Source :panic.com

Transmit ကို မကြာခင်ရောင်းတန်းကနေ ထုတ်ပယ်တော့မှာ ဖြစ်တဲ့အတွက် သင့်အတွက် အသုံးဝင်မယ့် application ဖြစ်မယ်လို့ထင်ရင် မြန်မြန်ဝယ်ထားကြဖို့ တိုက်တွန်းထားပါတယ်။ အသုံးဝင်တဲ့ အရာတွေအများကြီးပါဝင်တဲ့ application ဖြစ်ပေမယ့် App Store ရဲ့ ရောင်းတန်းကထုတ်လိုက်တဲ့နေ့ကစပြီး နောက်ထပ် update အသစ်တွေကို တွေ့ရှိရတော့မှာမဟုတ်ပါဘူး။ Transmit iOS ကို installed လုပ်ထားတဲ့သူတွေအတွက်လည်း update တွေဆက်မလုပ်ပေးနိုင်ပေမယ့် error အခက်အခဲတစ်စုံတစ်ရာရှိရင် ကူညီနိုင်သမျှ ကူညီပေးမယ်လို့လည်းပြောထားပါတယ်။

နောက်ဆုံးအနေနဲ့ Transmit iOS ကို ယုံယုံကြည်ကြည် အသုံးပြု ပေးသူတွေကို ကျေးဇူးတင်ကြောင်းပြောပြီး နိဂုန်းချုပ်ထားပါတယ်။ Transmit application ကို USD 9.99 နဲ့ရောင်းချထားတာဖြစ်ပြီး မြန်မာငွေနဲ့တွက်ရင် ၁၃၄၈၆ (တစ်သောင်းသုံးထောင်လေးရာရှစ်ဆယ့်ခြောက်) ကျပ် ခန့်လောက် ကျသင့်မှာဖြစ်ပါတယ်။

 

 

Transmit  – https://itunes.apple.com/us/app/transmit/id917432930?mt=8

, ,

Leave a Reply

Your email address will not be published. Required fields are marked *