Account နှစ်ခုကိုတစ်ပြိုင်တည်း အသုံးပြုနိုင်တဲ့ Parallel Space _Multiple accounts & Two Face

တစ်ချိန်တည်း တစ်ပြိုင်တည်းမှာ account နှစ်ခု အသုံးပြုနိုင်မယ့် apk ဖြစ်ပါတယ်။ အသုံးပြုသူ လူဦးရေ ၉၀သန်းကျော် ရှိနေပြီဖြစ်ပြီး privacy ပိုင်းလည်း ကာကွယ်ပေးနိုင်ပါတယ်။ Android devices အများစုနဲ့ ကိုက်ညီမှုရှိပြီး ဘာသာစကား ၂၄ မျိုး ထောက်ပံ့ပေးထားပါတယ်။

Facebook လိုမျိုး လူအများနဲ့ တွေ့ရတဲ့ social network application တွေကို အသုံးပြုရင် private နဲ့ public account နှစ်ခုကရှိကိုရှိထားသင့်ပါတယ်။ အရင်တုန်းကဆိုရင် account နှစ်ခုအသုံးပြုချင်ရင် ဖုန်းနှစ်လုံးမှာ account နှစ်ခုထည့်ပြီး အသုံးပြုရပါတယ်။ အခုတော့ Parallel Space ရှိနေပြီဖြစ်လို့ ဖုန်းနှစ်လုံးလည်း မလိုအပ်တော့ပါဘူးနော်..။

Parallel Space က Facebook , Instagram , Whatsapp, messengers စတဲ့ social network account တွေအပြင် Game account တွေဖြစ်တဲ့ COC , Mobile Legend account တွေကိုပါ နှစ်ခု အသုံးပြုလို့ရအောင် ပြုလုပ်ပေးထားပါတယ်။ ဒါ့အပြင် Application တော်တော်များများရဲ့ ဒုတိယ account ကို အသုံးပြုနိုင်အောင်ပြုလုပ်ပေးထားပါသေးတယ်။

 

Account နှစ်ခု ရဲ့ အချက်အလက်တွေ တစ်ခုနဲ့တစ်ခု ရောသွားမှာမဟုတ်ဘဲ သီးသန့်account တွေအနေနဲ့ပဲ တည်ရှိနေမှာပါ။ Multidroid ကို အခြေခံပြီး ပြုလုပ်ထားတာကြောင့် Android အတွက်ပဲ အသုံးပြုနိုင်ပါတယ်။ Account နှစ်ခုအတွက် ဖုန်းနံပါတ် တစ်ခုတည်း သုံးလို့တော့ မရပါဘူး။ Log in လုပ်ရင် ထည့်ထားတဲ့ ဖုန်းနံပါတ်ဆီ code message ဝင်လာမှာဖြစ်လို့ မတူညီတဲ့ နံပါတ်တွေကိုပဲ သုံးရမှာပါ။ Account နှစ်ခု အသုံးပြုတဲ့ သူတွေအတွက်အသုံးဝင်မယ့် apk တစ်ခုဖြစ်ပါတယ်။

Android တစ်မျိုးတည်းအတွက်ပဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Play Store မှာ rating 4.6 ရရှိထားပြီး ဒေါင်းလုတ် လုပ်ခကတော့ အခမဲ့ ဖြစ်ပါတယ်။

 

Download – Android

,

Leave a Reply

Your email address will not be published. Required fields are marked *