ဦးနှောက်ရဲ့ လုပ်ဆောင်ချက်စွမ်းအင်တွေ မြင့်မားအောင် လေ့ကျင့်ပေးမယ့် Peak – Brain Games & Training

ဦးနှောက်ဆိုတာ အမြဲတမ်း အလုပ်လုပ်ပေးနေပေးမှ တက်တက်ကြွကြွ ရှိတာပါ။ စဉ်းစားတွေးခေါ်မှုမရှိတဲ့ ဦးနှောက်က လေ့ကျင့်ခန်းမလုပ်တဲ့ လူရဲ့ ခန္ဓာကိုယ်လို အဆီတွေစုပြီး ဖျက်လတ် တတ်ကြွမှု လည်းရှိမှာ မဟုတ်ပါဘူး။ အဲ့တာကြောင့် သင့်ရဲ့ အဖိုးတန် မှတ်ဉာဏ်တွေ ထိန်းသိမ်းပေးထားရတဲ့ ဦးနှောက်ကို ပါးပါးနပ်နပ် ထက်ထက်မြက်မြက်ဖြစ်အောင် လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။

Peak က ဦးနှောက်ရဲ့ လုပ်ဆောင်ချက်တွေ အတွက် နည်းပြတစ်ယောက်လို လေ့ကျင့် သင်ကြားပေးမယ့် App တစ်ခုဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာ နိုင်ငံပေါင်း ၂၄ နိုင်ငံ ရဲ့ “Best App” အဖြစ်ရွေးချယ်ခြင်းခံခဲ့ရပါတယ်။ Peak app ထဲမှာ သင့်ရဲ့ မှတ်ဉာဏ်မှတ်နိုင်မှု၊ အာရုံစိုက်နိုင်မှု၊ ပြဿနာဖြေရှင်းနိုင်မှု၊ စိတ်ပိုင်းဆိုင်ရာ ဖျက်လတ်သွက်ချာမှု၊ ဘာသာစကားတွေသိရှိနိုင်မှု၊ ညှိနှိုင်း ဆောင်ရွက်နိုင်မှု၊ ဖန်တီးမှုစွမ်းရည် နဲ့ စိတ်ခံစားချက် ထိန်းသိမ်းနိုင်မှု စတဲ့ အားသာချက်တွေ ရရှိစေမယ့် အခမဲ့ဂိမ်းတွေ ပါဝင်ပါတယ်။

ရွေးချယ်စရာခေါင်းစဉ်တွေ အများကြီး ပါဝင်တဲ့အတွက် သင်နဲ့ အကျွမ်းတဝင်ရှိတဲ့ ခေါင်းစဉ်ကို ရွေးချယ်ပြီး လေ့လာနိုင်ပါတယ်။ ရရှိတဲ့ အမှတ်တွေကို ဖော်ပြပေးမှာဖြစ်တဲ့အတွက် ကိုယ့်ရဲ့ ဦးနှောက်စွမ်းရည်နဲ့ သူငယ်ချင်းတွေရဲ့ ဦးနှောက်စွမ်းရည်ကို နှိုင်းယှဉ်ကြည့်လို့ လည်းရပါတယ်။ Challenges တွေ ကို စိတ်အေးအေး ထား ဖြေရှင်းမယ်ဆိုရင် အားလုံးကို အလွယ်တကူ ပြုလုပ်နိုင်ပါတယ်။ Peak ဂိမ်းတွေကို Education, cognitive science နဲ့ neuroscience နယ်ပယ်က ပညာရှင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ဖန်တီးထားတာဖြစ်တဲ့အတွက် လုပ်ဆောင်ချက်တွေ အရမ်းကို ကောင်းမွန်ပါတယ်။

Android, iOS နှစ်မျိုးစလုံးနဲ့ အခမဲ့ အသုံးပြုနိုင်ပါတယ်။ Rating တွေကတော့ Plat Story မှာ 4.5 နဲ့ App Store မှာ 4.7 ရရှိထားတာဆိုတော့ အသုံးပြုလို့ကောင်တဲ့ app တစ်ခုလို့ ဆိုလို့ရပါတယ်။ သင်လည်း တွေးခေါ်ရတာ ကြိုက်နှစ်သက်ရင် အသုံးပြုကြည့်နိုင်ပါတယ်။

 

Image Source – Peak – Brain Games & Training

, ,

Leave a Reply

Your email address will not be published. Required fields are marked *