အခန့်ညားဆုံး လူအယောက် ၅၀ ရဲ့ဓာတ်ပုံကို iPhone X နဲ့ရိုက်ကူးထားတယ်ဆိုတဲ့ People Magazine

ပြီးခဲ့တဲ့ နှစ်အနည်းလောက်ကတည်းက Apple ရဲ့ iPhone ကင်မရာတွေကို ဇာတ်ကားရိုက်ကူးတဲ့နေရာ၊ သီချင်း mv တွေ နဲ့ အလှမဂ္ဂဇင်းဓာတ်ပုံတွေရိုက်ကူးတဲ့နေရာတွေမှာ ဒါရိုက်တာအချို့က အသုံးပြုခဲ့တာဖြစ်ပါတယ်။

iPhone ကင်မရာအသုံးပြုခဲ့တဲ့ဇာတ်ကားကို အနီးစပ်ဆုံးပြောရမယ်ဆိုရင် ၂၀၁၈ ဇန်နဝါရီလမှာထွက်ရှိခဲ့တဲ့ “Unsane” ပါ။ Unsane ဆိုတဲ့ Horror type ဇာတ်ကားတစ်ကားလုံးကို iPhone ကင်မရာအသုံးပြုပြီးရိုက်ကူးထာတာဖြစ်တယ်လို့ ဒါရိုက်တာဖြစ်သူ Steven Soderbergh ကပြောကြားခဲ့တာဖြစ်ပါတယ်။ iPhone 7 နဲ့ 7 Plus တို့ရဲ့ကင်မရာကိုအသုံးပြုပြီးရိုက်ကူးခဲ့တာပါ။

“Unsane” ?


ထိုနည်းတူ ၂၀၁၇ ခုနှစ်တုန်းက Camila Cabello ပါဝင်အားဖြည့်ပေးထားတဲ့ Billboard Cover ပုံရိပ်ကို ရိုက်ကူးတုန်းကလည်း iPhone ကင်မရာကိုပဲအသုံးပြုခဲ့တာဖြစ်ပါတယ်။ Camila ကို iPhone 7 Plus ရဲ့ Portrait ကင်မရာကိုအသုံးပြုပြီးရိုက်ကူးပေးထားတာပဲဖြစ်ပါတယ်။ (တကယ်ကိုချစ်စရာလေးပါ ?)

Source: Billboard

ဒီအချက်တွေကိုကြည့်ပြီး iPhone ရဲ့ ကင်မရာပိုင်းတွေကို မခေလှတာကို သိရှိနိုင်မှာပါ။ အခုလည်း People Magazine (Spanish version) က “50 most beautiful people” ဆိုတဲ့ဆောင်းပါးအတွက် အခန့်ညားဆုံး လူအယောက် ၅၀ ရဲ့ပုံရိပ်တွေကို Apple ရဲ့နောက်ဆုံး Flagship ဖြစ်တဲ့ iPhone X နဲ့ ရိုက်ကူးထားတာဖြစ်တယ်လို့ သတင်းထွက်ရှိလာပြီဖြစ်ပါတယ်။ Demi Lovato, J. Balvin, Amara La Negra အပါအဝင်  တစ်ယောက်ချင်းစီကို iPhone X ရဲ့ Portrait ကင်မရာအသုံးပြုပြီး ရိုက်ကူးထာတာပါ။ ဒီအကြောင်းကတော့ Apple ရဲ့ CEO Tim Cook ကိုယ်တိုင် Twitter ကတဆင့်ဖော်ပြထားတာဖြစ်ပါတယ်။

ကင်မရာပိုင်းမှာ Apple ကတော်တော်လေး On fire ဖြစ်ခဲ့/ ဖြစ်နေသလို Apple လိုပဲ ကင်မရာပိုင်းတော်တော်လေးကောင်းမွန်လှတဲ့ Android ဖုန်းတွေထွက်ရှိလာနေပြီဖြစ်ပါတယ်။ HTC U12+ မှာ ကင်မရာ ၄ လုံးပါဝင်မှုကင်မရာ ၃ လုံးနဲ့ထွက်ရှိလာခဲ့တဲ့ Huawei၊ P20 Pro နဲ့၊ ပြီးခဲ့တဲ့ရက်ကထွက်ရှိခဲ့တဲ့ John Legend ရဲ့ BloodPop music ဗီဒီယိုတစ်ခုလုံးကို Google Pixel 2 နဲ့ရိုက်ကူးမှု အစရှိတဲ့အချက်တွေက Android ဖုန်းတွေရဲ့ ကင်မရာပိုင်းဟာလည်း တဖြည်းဖြည်းမိုက်လာပြီ ဆိုတာသက်သေပြနေတာပဲဖြစ်ပါတယ်။

 

Source: Billboardpeopleenespanolblog.google

Via

, , ,

Leave a Reply

Your email address will not be published. Required fields are marked *