တကယ့် သင်္ချာဆရာ တစ်ယောက် ဖုန်းထဲရောက်နေသလို ခံစားရမယ့် Photomath

သင်္ချာမေးခွန်းတွေရဲ့ အဖြေကို အချက်ကျကျ ရှင်းလင်းဖြေဆိုပေးမယ့် application ဖြစ်ပါတယ်။ သင်က အထက်တန်းကျောင်းသားတစ်ယောက်လား ? ဒါမှမဟုတ် သချာဆရာတစ်ယောက်လား ?

သင်္ချာ ဘာသာရပ်နဲ့ ပတ်သက် ဆက်နွှယ်နေတဲ့ သူဆိုရင်တော့ Photomath application က သင့်အတွက် အရမ်းကို အသုံးဝင်မှာပါ။ ငယ်ငယ်တုန်းက သင်္ချာတွက်လို့ အဖြေမထွက်ရင် အရမ်းငိုချင်တဲ့ ခံစားချက်ကို လူတိုင်းဖြစ်ဖူးကြမှာပါ။ အခုခေတ်က နည်းပညာတွေ တိုးတက်လာလို့ ကျွန်မတို့အတွက် ခက်ခဲခဲ့တဲ့ သင်္ချာဘာသာရပ်ကို လွယ်ကူအောင်လုပ်လို့ရနေပါပြီ။

သင်မေးချင်တဲ့ ပုစ္ဆာကို ဓာတ်ပုံရိုက် scan ဖတ်ပြီး Camera Calculator နဲ့ တွက်ချက်နိုင်သလို လက်ရေးနဲ့ ရေးပြီးလည်း အဖြေရှာနိုင်ပါတယ်။ ဒါ့အပြင် step-by- step instructions နဲ့ Smart Calculator ကိုလည်း အသုံးပြုနိုင်ပါတယ်။
Photomath မှာ သင်္ချာဘာသာရပ်နဲ့ ပတ်သက်တဲ့

1. Arithmetics,
2. integers,
3. fractions,
4. decimal numbers,
5. roots,
6. algebraic expressions,
7. liner equation / inequalities,
8. absolute equation / inequalities,
9. systems of equations,
10. logarithm,
11. trigonometry,
12. exponential နှင့် logarithmic functions,
13. derivatives နှင့် integrals ပုံစံတွေကို ထောက်ပံ့ပေးထားတဲ့အတွက် လိုအပ်တဲ့ နည်းနဲ့ တွက်ချက်ခိုင်းလို့ရပါတယ်။

ဆယ်တန်းကျောင်းသားတွေအတွက် ပိုပြီး အသုံးဝင်နိုင်မယ့် application ဖြစ်လို့ အကယ်၍ သင့်မှာ ဆယ်တန်းရောက်နေတဲ့ အငယ်လေးတွေ ရှိရင် Photomath နဲ့ သင်္ချာကူတွက်ပေးနိုင်ပါပြီ။ ရှင်းလင်းပြီး ထိရောက်မှန်ကန်တဲ့ အဖြေတွေ တွက်ချက်ပေးမှာ ဖြစ်တဲ့အတွက် စိတ်ချယုံကြည်စွာနဲ့ အသုံးပြုနိုင်ပါတယ် ။

Photomath က ကျယ်ပြန့်ပြီး စဉ်းစားရခက်တဲ့ သင်္ချာပညာ ကိုကြောက်စရာမလိုတော့အောင် ပြုလုပ်ပေးမှာ ဖြစ်လို့ လိုအပ်သူတွေ အသုံးဝင်အောင် မိတ်ဆက်ပေးလိုက်ပါတယ်။ နိုင်ငံတော်တော်များများမှာ အသုံးပြုသူများပြားပြီး လက်ရှိ ရေပမ်းစားနေတဲ့ သင်္ချာ ပညာရှင် application ဖြစ်ပါတယ်။ Android, iOS နှစ်မျိုးစလုံးနဲ့ free အသုံးပြုလို့ ရပါပြီ။

 

Image Source – Photomath

, ,

Leave a Reply

Your email address will not be published. Required fields are marked *