ကိုယ်တိုင် ကာတွန်း GIF တွေ ဖန်တီးနိုင်တဲ့ PicsArt Animator

Animation ကာတွန်း တွေ ကိုယ်တိုင် ရေးဆွဲပြီး GIF ပြုလုပ်လို့ရတဲ့ application ဖြစ်ပါတယ်။ ရုပ်ပုံတွေကို စိတ်ကြိုက်ရေးဆွဲ ဖန်တီးပြီး အသက်သွင်းလို့ရတာကြောင့် ကိုယ်ပိုင် စတိုင်လ် နဲ့ GIF တွေအသုံးပြုချင်တဲ့သူတွေ ကြိုက်နှစ်သက်မှာပါ။

ရိုးရှင်းတဲ့ stickers တွေနဲ့ အသုံးဝင်တဲ့ functions တွေအများကြီး ပါဝင်လို့ GIF တွေကို တစ်ဆင့်ချင်း ရိုးရှင်းလွယ်ကူစွာ လုပ်ဆောင်နိုင်ပါတယ်။ ကာတွန်း GIF တွေအတွက် အသံတွေပါ ထည့်သွင်းလို့ရတဲ့ အပြင် စိတ်ကြိုက် ကာလာ အရောင်နဲ့ ဆေးရောင်ပါ ခြယ်ပေးနိုင်ပါတယ်။

PicsArt Animator ထဲမှာပါဝင်တဲ့ frames, layers, drawing tools စတစ်ကာတွေနဲ့ Emoji Me လုပ်ဆောင်ချက်တွေ အားလုံးကို အခမဲ့ အသုံးပြုနိုင်ပါတယ်။ ကာတွန်း စတစ်ကာ တွေရေးဆွဲပြီး သက်ဝင်လှုပ်ရှားလာအောင် လုပ်ပေးလို့ရတဲ့ အပြင် ကိုယ့်မျက်နှာကိုယ် ဓာတ်ပုံရိုက်ပြီး emoji အဖြစ်နဲ့ ကာတွန်း GIF တွေ ဖန်တီးလို့ရပါသေးတယ်။

စိတ်ဝင်စားဖို့ကောင်းတဲ့ လုပ်ဆောင်ချက်တွေနဲ့ Google Play ရဲ့ Best Apps of 2017 အဖြစ်ရပ်တည်နေတဲ့ application တစ်ခုဖြစ်ပါတယ်။ ပျော်စရာကောင်းတဲ့ funny ကာတွန်း video နဲ့ GIF တွေ ဖန်တီးချင်တဲ့သူတွေအတွက် စမ်းသပ်ကြည့်လို့ရအောင် မိတ်ဆက်ပေးလိုက်ပါတယ်။

Android, iOS နှစ်မျိုးစလုံးနဲ့ အခမဲ့ download လုပ်ယူလို့ရနေပါပြီ။ iOS အတွက် version 9.0 နှင့်အထက်နဲ့ Android အတွက် version 4.0.3 နှင့်အထက်ရှိရင် အသုံးပြုလို့ရပါတယ်။

 

 

Image Source – PicsArt Animator

, ,

Leave a Reply

Your email address will not be published. Required fields are marked *