Pixel ဖုန်းအဟောင်းတွေဆီကို ရောက်လာတော့မယ့် Pixel 3 feature များ

Pixel ဖုန်းအသစ်တွေဆက်ဆက်ပြီး ထွက်လာခဲ့ပေမယ့် Google က Pixel ဖုန်း အဟောင်းတွေဖြစ်တဲ့ Pixel 2 နဲ့ အခြား Pixel ဖုန်းအဟောင်းတွေ ကိုလည်း မမေ့လျော့ခဲ့ပါဘူး။ အဲ့တာကြောင့် Pixel 3 နဲ့ Pixel 3XL ဖုန်းတွေထွက်ရှိခဲ့တာနဲ့ တစ်ပြိုင်နက် software feature တွေကိုလည်း ကုမ္ပဏီဘက်မှ ကြေညာခဲ့ပါတယ်။

ဒါပေမယ့် Google ဘက်မှ Pixel ဖုန်းအဟောင်းတွေရဲ့ update ကို Pixel 3 နဲ့ တူညီတဲ့တန်းတူရည်တူ update တွေ ထုတ်ပေးမယ့် အစီအစဉ်တော့ မရှိခဲ့ပါဘူး။ အဲ့ဒီအစား Pixel နဲ့ Pixel 2ရဲ့ update ကို ပိုပြီး အသုံးဝင်တာတွေ ထည့်ပေးမှာပါ။ Older Pixel ဖုန်းတွေ အတွက် Google မှ လုပ်ပေးလိုက်တဲ့ feature တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

Call Screen

Pixel 3 ရဲ့ စွမ်းရည်က ဖုန်းဖြေဖို့နဲ့ screen အရည်အသွေးပါ။သူ့မှာပါရှိတဲ့ call screen feature မှာ အဲ့ဒီ စွမ်းရည်တွေပါဝင်ပါတယ်။ နိုဝင်ဘာလမှာ Call Screen feature update ကို Pixel ဖုန်းတွေ အားလုံးအတွက် မိတ်ဆက်ပေးမယ်လို့ သိရပါတယ်။

သတင်း မီဒီယာ ဝဘ်ဒ်ဆိုဒ်တစ်ခုဖြစ်တဲ့ Cnet မှ JasonCipriani ရဲ့ screenshot တွေအရ Google ရဲ့ Pixel line မှာ သူ့ရဲ့ Camera ကနာမည် တစ်ခု အနေနဲ့ ရှိနေတာဖြစ်ပြီး ဓာတ်ပုံတွေကို AI နည်းပညာနဲ့ အသုံးပြု ဖန်တီးနိုင်တယ်လို့ သိရပါတယ်။ Pixel3 ရဲ့ Camera feature အသစ် အချိူ့က မူလ Pixel နဲ့ Pixel2 တွေဆီကို ရောက်လာမှာ ဖြစ်ပါတယ်။ သူတို့တွေရဲ့အကြောင်းကို အောက်မှာ ကြည့်နိုင်ပါတယ်။

• Top Shot: Top Shot ဗားရှင်းကို အောက်တိုဘာလမှာ Pixel ဖုန်းအဟောင်းတွေဆီမှာ အသုံးပြုနိုင်တော့မှာပါ။
• Night Sight: နိုဝင်ဘာလမှာ Poxel ဖုန်းအားလုံး အတွက် ရောက်လာမှာပါ။
• Playground: Pixel 2 က Playground ကို ဒီနှစ်နောက်ပိုင်းမှာ ထောက်ပံ့ပေးတော့မှာပါ။ သူက ကုမ္ပဏီရဲ့ AR စတစ်ကာ feature တစ်ခုဖြစ်ပါတယ်။

• Adjust background blur: Pixel 2 မှာ အခု အသုံးပြုလို့ ရနေပါပြီ။ပထမဦးဆုံး အကြိမ် Portrait mode ကို Google Camera ရဲ့ နောက်ဆုံးဗားရှင်း update လုပ်ပြီးတဲ့ အချိန်မှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

အရင်က Google က သူ့ရဲ့ Pixel ဖုန်းအဟောင်းတွေအတွက် Camera app ကို update လုပ်ပေးခဲ့ ဖူးပါတယ်။ Older ဖုန်းတွေအတွပ် Pixel 3နဲ့ တန်းတူရည်တူ interface ကိုထည့်ထားပြီး Pixel 2မှာ လည်း ဓာတ်ပုံထဲကို ထည့်သွင်းမယ့် background blur ပမာဏကို ချိန်ညှိပေးမယ့် option ကို ပေးထားပါတယ်။

• Now Playing History
Pixel 2နဲ့ Pixel 3 နှစ်ခုစလုံးမှာ သီချင်းနားထောင်နိုင်မယ့် feature ကို ထည့်သွင့်ပေးထားပြီး သီချင်း ခေါင်းစဉ်နဲ့ အဆိုတော်နာမည်ကို ဖုန်းရဲ့ lock screen ပေါ်မှာ ပြသပေးထားပါတယ်။

Now Playing History feature က အကယ်၍သင် အပြင်ထွက်နေတုန်းမှာ သီချင်းသံတစ်ခုကို ကြားလိုက်လို့ အဲ့ဒီသီချင်းကို အရမ်းကြိုက်သွားပြီး အဆိုတော်နာမည်သိချင်တာတို့ သီချင်းနာမည် သိချင်တာတို့ ဖြစ်လာရင် အရမ်းကို အသုံးဝင်ပါတယ်။ ဒီ feature ကိုတော့ Pixel 3 မှာပဲ ရသေးတယ်လို့ သိရပါတယ်။ Android Police ရဲ့ အဆိုအရ Pixel 2 မှာလည်း Now Playing History feature ကို နောက်လာမယ့် software update တွေမှာထည့် သွင်းပေးဖို့ ရှိတယ်လို့ သိရပါတယ်။

 

Source- https://www.cnet.com

Leave a Reply

Your email address will not be published. Required fields are marked *