ပန်းချီကားပုံစံ ဓာတ်ပုံတွေ ပြုလုပ်နိုင်မယ့် Pixel Art Camera

Pixel Art အနုပညာနဲ့ ပန်းချီကားပုံစံ ဓာတ်ပုံတွေ ထုတ်လုပ်ပေးမယ့် iOS apk တစ်ခုဖြစ်ပါတယ်။ အခု၂၀၁၈ ခုနှစ်မှ အသစ်ထွက်ရှိထားတဲ့ new apk တစ်ခုဖြစ်လို့ သိကြဦးမှာတော့ မဟုတ်သေးပါဘူး။ ပါဝင်တဲ့ features တွေက အရမ်းကိုမိုက်လို့ လက်ဦးမှုရအောင် မိတ်ဆက်ပေးလိုက်ပါတယ်နော်။…

Pixel art ဂိမ်းတွေ ကို ကစားဖူးကြမှာပါနော်။ ဒီ apk က အဲ့ဒီ ဂိမ်းတွေထဲကအတိုင်း သင့်ရဲ့ ဓာတ်ပုံတွေကို ကြည်လင်တဲ့ ရုပ်ထွက်မျိုးမဟုတ်ပဲ အစက်အပြောက်လေးတွေနဲ့ ပန်းချီကားပုံစံပြုလုပ်ပေးမှာပါ။ အခြား ရုပ်ထွက်တွေနဲ့ မတူပဲ ကွဲပြားတဲ့ ဒီဇိုင်းပြုလုပ်ပေး နိုင်မှာကြောင့် ဓာတ်ပုံ edit လုပ်ရတာ ဝါသနာပါတဲ့ သူလေးတွေ နှစ်သက်ကြမှာပါ။

ဖုန်း Library ထဲက ဓာတ်ပုံတိုင်းကို pixel art ပုံစံပြောင်းနိုင်ပါတယ်။ Pixel Art ဒီဇိုင်း ၂၅ ခုကျော်နဲ့ အရမ်းလန်းတဲ့ effects ၁၀ ခုကျော် ပါဝင်မှာဖြစ်ပါတယ်။ အသုံးပြုရတာ လွယ်ကူပြီး အထဲက effects တွေက အရမ်းကို မိုက်ပါတယ်။ ဓာတ်ပုံတွေတင်မဟုတ်ဘဲ video တွေကိုလည်း pixel art ပုံစံ ပြောင်း လဲပေးနိုင်ပါတယ်။ Net Sigma က ထုတ်လုပ်ထားပြီး ထွက်တာ မကြာသေးပေမယ့် rating 4.1 အထိရရှိနေပါပြီ။ အခုလ ဇန်နဝါရီ (၁၅) ရက်နေ့က နောက်ဆုံး update ထွက်ရှိထားပြီး iOS version 10 နှင့် အထက်ရှိတဲ့ devices မျိုးစုံမှာ အသုံးပြုနိုင်ပါတယ်။

iOS အတွက်ပဲ အသုံးပြုနိုင်ပြီး Android တွေအတွက်တော့ အသုံးမပြုနိုင်သေးပါဘူး။ စိတ်ဝင်စားလို့ သုံးချင်ရင် လုပ်ချင်ရင် App Store မှာ အခမဲ့ download လုပ်ယူနိုင်ပါတယ်။ File Size အရွယ်အစားက 34.6 MB ရှိပါတယ်။

 

Image Source – Pixel Art Camera

,

Leave a Reply

Your email address will not be published. Required fields are marked *