Pixomatic photo editor ကိုအသုံးပြုပြီးနောက်ခံပုံရိပ်တွေကိုစိတ်ကြိုက်ပြောင်းလဲနိုင်ပြီ

Pixomatic photo editor ဟာ App Store ရဲ့ “Great Photography Apps”, “New Apps We Love”, “Share the Fever” အစရှိတဲ့ အမည်တွေသတ်မှတ်ခြင်းခံထားရတဲ့ Photo editing app တစ်ခုပဲဖြစ်ပါတယ်။

ဓာတ်ပုံထဲမှာ မိမိရဲ့ အသွင်အပြင်လေးကကြည့်ကောင်းနေပေမယ့် နောက်ခံမလှတာကြောင့် ပြန်ပြန်ရိုက်နေရတဲ့ ပြဿနာကို လူတိုင်း ဘဝမှာ အနည်းဆုံးတစ်ခါလောက်တော့ကြုံကြဖူးမှာပါ။ ဒီပြဿနာဟာ သာမာန်လူတွေအတွက်တော့ သိပ်ကြီးကြီးမားမားမဟုတ်ပေမယ့် ဓာတ်ပုံနဲ့ပတ်သက်လာရင် ဆတ်ဆတ်ထိမခံတဲ့ ဓာတ်ပုံအရိုက်ခံရတာကြိုက်နှစ်သက်တဲ့ ဝါသနာရှင်တွေအတွက်ကတော့ စိတ်အနှောက်အယှက်တစ်ခုပါပဲ။ အဲ့ဒီစိတ်အနှောက်အယှက်ကို ဖြေရှင်းနိုင်ဖို့ ဓာတ်ပုံရဲ့နောက်ခံပုံရိပ်တွေစိတ်ကြိုက်ပြောင်းလဲနိုင်တဲ့ Pixomatic photo editor ကိုအသုံးပြုဖို့အကြံပြုပါရစေ။

ပထမဉီဆုံး app ကို Download အရင်ဆွဲ (လင့်ခ်ကိုအောက်ဆုံးတွင်ဖော်ပြထားသည်) ➡ ပြီးရင် app ထဲဝင် ➡app ထဲမှာ မိတ်ဆွေရဲ့ဓာတ်ပုံတွေသိမ်းဆည်းထားရာတည်နေရာကို access ပေး ➡ Access ပေးပြီးတာရင် မိမိကြိုက်နှစ်သက်ရာဓာတ်ပုံနဲ့ နောက်ခံပုံရိပ်အဖြစ်ထားချင်တဲ့ပုံရိပ်ကို ရွေးချယ်ပြီး Edit လုပ်နိုင်ပါပြီ။

Edit လုပ်တဲ့နေရာမှာ မိတ်ဆွေအနေနဲ့ မိမိရဲ့ပုံရိပ်ကို ပထမဉီးဆုံး Cut ပေးရမှာဖြစ်ပါတယ်။ ဉပမာ – ပုံရိပ်မှာ မိတ်ဆွေရဲ့မျက်နှာလေးနဲ့ နောက်ခံပုံရိပ်ရှိနေမယ်ဗျာ. အဲ့ဒီထဲက နောက်ခံပုံရိပ်ကိုပြောင်းလဲမယ်ဆိုရင် မိတ်ဆွေရဲ့ မျက်နှာကို cut လုပ်ပေးရမှာပါ။ Edit လုပ်ပြီးပြီဆိုရင်တော့ မိမိရဲ့လှပတဲ့ပုံရိပ်တွေကို Social Media မှာ ရှယ်နိုင်ဖို့ Share Button လေးပါထည့်ပေးထားပါတယ်နော်… မရှယ်ချင်ရင်လည်း ဖုန်းထဲမှာ သိမ်းဆည်းထားနိုင်ပါတယ်။

နောက်ခံ Background ပြောင်းလဲနိုင်တဲ့အပြင် ဓာတ်ပုံမှာစာသားတွေထည့်တာ၊ အလင်းအမှောင်ချိန်တာ၊ Effect တွေပြောင်းလဲတာ၊ ပုံရဲ့တည်နေရာအနေအထားချိန်တာ၊ Blur တာ အစရှိတာတွေကိုတစ်ပါးတည်း ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ဖုန်း app လေးတစ်ခုက ပရိုဖက်ရှင်နယ် Photo Editing Tool တစ်ခုလောက်နီးနီးအလုပ်လုပ်နိုင်တာကြောင့် အံ့သြစရာကောင်းလှတာ တော့အမှန်ပါပဲ။ Android နဲ့ IOS Platform နှစ်မျိုးလုံးမှာအသုံးပြုနိုင်ပါတယ်။

 

Download link – Android/IOS

, ,

Leave a Reply

Your email address will not be published. Required fields are marked *